အပိုင်း ၁၁

4.6K 616 75
                                    

ကျူးယင်ကိုယ်ကို ၀န်းရံနေတဲ့ စိမ်းပြာရောင် အလင်းတွေကြောင့် အေးအေးသက်သာထိုင်ပြီး စကားပြောနေတဲ့ ကျူးလျန်နဲ့ ကျူးစစ်တို့ မျက်လုံးပြူးကာ ထရပ်လိုက်မိကြသည်။

" ဘာလဲ ရှောင်ယင်က ဒီအဆင့်ကို တစ်ခါထဲ ရောက်သွားတာလား ငါတောင် ဘာမှ တွန်းအားမပေးရဘဲလေ"

ကျူးစစ်ရဲ့ တအံ့တသြ အပြောကို ကျူးလျန်က ခေါင်းညိတ်ထောက်ခံသည်။

" နတ်အခြေတည်အဆင့်မှာတင် ယင်နတ်စွမ်းအားကို အသုံးပြုနိုင်တော့မှာပါလား။ ရှောင်ယင်ကတော့ တကယ်ထူးခြားတာပဲ"

ကျူးလျန်က မှတ်ချက်ပေးသည်။

ဈာဉ်ဝင်စားနေတဲ့ အချိန်မို့ ကျူးယင်ကတော့ ပြင်ပအပေါ် အာရုံမထားထား။ သူ့ကိုယ်တွင်းမှ စိမ်းပြာရောင်အလုံးလေးကိုသာ စူးစိုက်ကြည့်နေသည်။

အကိုတွေပြောပြချက်အရ သူ့မှာ ရှိလာသင့်တာက ရွှေရောင်။ ဒါပေမယ့် အခုတော့ လုံးဝိုင်းလွန်းတဲ့ အမြုတေလေးက အဟုတ်ကို စိမ်းပြာရောင်ဖြစ်နေခဲ့သည်။ သူ့ကိုယ်က တစ်စုံတစ်ရာက ပြင်ပက တစ်ခုခုကို စုပ်ယူနေသလို ခံစားလာရသည်။ ခဏကြာတော့ ၀ိဥာဉ်လွင့်တော့မလို သူ့စိတ်ကို ထိန်းချုပ်ရခက်လာ၏။ သူ့ခေါင်းထဲကိုလည်း အကြောင်းအရာများစွာ ၀င်လာသည်။ မှတ်ဥာဏ်တွေဖြစ်လောက်သည့် ဒီဖြစ်ရပ်အများစုမှာ နဉ်က အဓိက ပါဝင်နေ၏။ နောက် သူမသိတဲ့ တစ်ခြားတစ်ယောက်။

သူ့စိတ်ကို ကြိုးစားထိန်းချုပ်ပြီး နှစ်ယောက်ဖြစ်နေတဲ့၊ သူနဲ့ချွတ်စွပ်တူတဲ့လူနှစ်ယောက်ကို ပေါင်းစည်းနေရသည်။ ဒါ့အပြင် ရင်းနှီးနေပြီး သူနဲ့မတူတဲ့တစ်ယောက်က ရှိနေသေးသည်။

" မဟုတ်သေးဘူး ကျူးစစ် ရှောင်ယင်ကို တားသင့်ပြီလို့ ငါထင်တယ်။ သူအခု ၀ိဥာဉ်တွေကို ပေါင်းစည်းဖို့ လုပ်နေတာ"

" ဟုတ်တယ် တားရမယ် ဒါပေမယ့် တားလို့မှမရတာ။ တားရင် ငါတို့..."

ကျူးလျန်နဲ့ ကျူးစစ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝေခွဲရခက်နေကြသည်။ အန္တရာယ်များလို့ မလုပ်ချင်တာထက် သူလုပ်မယ်ငါလုပ်မယ်ဆိုပြီး ဝေခွဲရခက်နေသည်သာ။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now