အပိုင်း ၅

4.6K 718 95
                                    

သူ့အားပြုံးချိုစွာကြည့်နေခဲ့တဲ့ စစ်ဝူရှဲ့ ပျောက်ကွယ်သွားပြီးမကြာ သူ့ဘယ်ဘက်လက်သန်းကြွယ်က လှုပ်လာသည်။ ထိုအချိန်တွင်ပင် အေးစမ့်ခြောက်ကပ်နေခဲ့တဲ့ ဂူမှ သာယာလှပသော ပန်းပေါင်းစုံဝန်းရံနေသည့် ရေကန်နံဘေး ရောက်သွားပါ၏။

" ယင်လေး ဒါ ကိုယ့်အဆောင်တော်ပဲ။ မိုးကြိုးစစ်ဆေးမှုကို ကိုယ်ဒီမှာပဲ ခံယူမှာ။ ယင်လေးက ကိုယ့်အနားမှာနေပြီး ကိုယ့်ကို ကြည့်နေရမယ်နော်"

" အင်း ငါကြည့်နေမှာပါ။ ဒီခြံဝန်းကြီးတစ်ခုလုံးက မင်းအဆောင်ပေါ့။ ဒါ တကယ့်ကို ကြီးတာ။ ဈေးကြီးမှာပဲ"

" ဟမ် "

" သေမျိုးလူသားတိုင်းပြည်မှာ ငါနေတုန်းက ဒီအဆောင်အကျယ်လောက်ဆိုရင် မြို့တစ်မြို့ အသာလေးတည်လို့ရတယ်။ "

" ယင်လေး သဘောကျလား "

" အင်း တော်တော်လှတယ် အကိုကြီးက ပြောတယ်။ ကောင်းကင်နန်းတော်က နတ်တွေက အကျင့်မကောင်းဘူးတဲ့။ ငါ မင်းအဆောင်ကနေ အပြင်ကိုမထွက်တော့ဘူးနော် ရတယ်မလား။ ငါဒီအထဲမှာပဲနေမယ်လေ ဒီမှာ ဒီလောက်ကျယ်တာ ငါလျှောက်ကြည့်လို့ကို ပြီးမှာမဟုတ်ဘူး။ "

သူပြောတဲ့အထဲ ဘာများ ရယ်စရာပါသွားလဲမသိ၊ စစ်ဝူရှဲ့က ခပ်ငြိမ့်ငြိမ့် ရယ်သည်။

" ကိုယ်က မိုးကြိုးစမ်းသပ်မှု ခံယူနေတဲ့အချိန်မှာ ယင်လေးက တစ်ချိန်လုံး စောင့်ကြည့်နေရမယ်လေ ၊ ဘယ်မှ မသွားရဘူး။ ကျူးလင်နတ်ဘုရားပြောသလို အကျင့်မကောင်းတဲ့နတ်တွေအထဲမှာ ကိုယ်မပါတာ ယင်လေး သိသားနဲ့။ ကိုယ်က အခြားသူတွေအပေါ် မကောင်းရင်တောင် ယင်လေးအတွက် အရမ်းကောင်းပေးမှာ၊ ကိုယ် ဘယ်လောက်ကောင်းလဲဆိုတာ ယင်လေး သိလာမှာပါ"

ခရမ်းနုရောင်သစ်ပင်ကြီးမှ ကြွေကျလာသော သစ်ရွက်ကိုဖမ်းယူပြီး စိတ်ဝင်တစားကြည့်နေတဲ့သူ့အား စစ်ဝူရှဲ့က မေးမှပင့်ကာ မော့ကြည့်စေသည်။ မျက်ဝန်းတွေက နွံတောလို သူ့အား မရုန်းနိုင်စေတော့။

" ဘာ... ကြည့်နေတာလဲ။ ရှေ့က သွားပြီး နည်းနည်းပါးပါး လိုက်ပြပါ"

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now