အပိုင္း ၁၅

3.8K 510 40
                                    

သူ ရေစွမ်းအင်နဲ့ သက်၇ှိတွေကို မဖန်တီးဖူးဘူး။ ဒါပေမယ့် ပြာလဲ့နေတဲ့ေ၇ပြင်ကို မြင်တိုင်း ငုပ်လျှိုးပြီး တစ်နေရာကို ထွက်ခွာသွားချင်စိတ် အမြဲပေါက်တယ်။ အဲ့နေ့က ရေတစ်စက်နဲ့ လူတစ်ယောက်ကို သူ ဖန်ဆင်းနိုင်ခဲ့တယ်။ အဲ့နေ့မှသာ သူ့သွေးက သက်မဲ့တွေကို ရှင်သန်နိုင်စေမှန်း သိခဲ့ရတယ်။

" ဟင် မင်း..."

ကျူးယင် မျက်လုံးဖွင့်လိုက်တော့ ဖုန်းမင်က ပြုံးပြီး ကြည့်သည်။ သူက အိပ်ယာပေါ် တင်ပလ္လင်ခွေထိုင်နေခဲ့တာဖြစ်ပြီး ဖုန်းမင်ကတော့ အိပ်ယာဘေးဝင်ထိုင်ကာ သူ့ကို ကြည့်နေခဲ့သည်။

" ငါ မင်းကို မြင်ကတည်းက ခံစားမိတယ်။ ငါက အမှောင်စွမ်းအားနဲ့ အလင်းစွမ်းအားကိုပဲ လေ့ကျင့်တာ ရေစွမ်းအင်က ဘယ်ကရောက်လာတာလဲ ... သေချာပေါက် မင်းဆီကပေါ့ ဟုတ်တယ်မလား။ မင်းက ရေစွမ်းအားကို ပိုင်စိုးတာမလား"

ကျူးယင် အထင် ဖုန်းမင်က သူ့ထက်ပိုပြီး ကြောက်ဖို့ကောင်းသည်။

' အကိုတို့က ဘယ်ရောက်နေတာလဲ။ အရေးအကြောင်းဆို ငါ့အနားမှာ ဘယ်သူမှကို မရှိဘူး'

ဖုန်းမင်က သူ့အတွေးကို သိနေတဲ့အလား ရယ်သည်။

" ပြောရဦးမယ် ငါက အတွေးတွေ ဖတ်နိုင်တယ် အဟား... မင်းက နုံချာတဲ့ နတ်သားလေးပဲ"

" ဖုန်းမင် မင်း"

ကျူးယင် ဒေါသထွက်ကာ မတ်တပ်ထရပ်မည်ပြုတဲ့အခါ သူ့ကို အပြာလဲ့လဲ့ရောင်ဝါလင်းလို့ သွေးကြောသဏ္ဍာန်ရှိတဲ့ ကြိုးလေးတွေက ရစ်ပတ်ထားခဲ့သည်။

" မင်းကိုယ်ထဲမှာ သိပ်ထူးခြားတဲ့စွမ်းအားတွေ တွေ့တယ်။ ဒါပေမယ့် မင်းက ငါ့လောက်အဆင့်ထိ မရောက်သေးဘူး။ ငါက ငါကလေ သေမျိုးနယ်ပယ်ကို ကျော်သွားပြီ။ အဲ့ဒိအသုံးမကျတဲ့ကောင်ကြောင့် ငါ့လူသားခန္ဒာကို ဆုံးရှုံးလိုက်ရပေမယ့် ငါ့စိတ်ဝိဥာဉ်က ထာဝရဖြစ်သွားပြီ။ မင်းတို့ နတ်တွေအယူအရပြောရရင်ငါက အဆင့်နိမ့်နတ်ဘုရားအဆင့်မှာရှိတယ်"

" ဘာ မင်းက လူသားလေ ဘယ်လိုဖြစ်ပြီး"

ဖုန်းမင်က တဟားဟား ရယ်သည်။ သို့ပေမယ့် မျက်၇ည်တွေ ထွက်လာတာကတော့ ဘာကြောင့်ရယ်မှန်း မသိ။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now