" အ "
အခန်းပြင် ထွက်ထွက်ချင်း တောက်ပတဲ့အလင်းရောင်တွေကို သတိပြုမိလိုက်ပြီး မကြာ စူးရှုတဲ့ နာကျင်မှုနဲကအတူ ရွှယ်ချုံကိုသာ နောက်ဆုံးမြင်လိုက်ရတော့သည်။
မ်ိစ္ဆာတစ်ကောင်နှင့် ခမ်းနားစွာ ၀တ်ဆင်ထားသော လူတစ်ယောက်က တိုက်ခိုက်နေသည်ကို မြင်ရသည်။ နေရာတစ်ခုလုံးဟာ မီးတွေလောင်နေပြီး မီးခိုးလုံးတွေကလည်း ကောင်းကင်သို့ လှိုဏ်တက်နေသည်။ သူ့အနားသို့ပင် ပေါက်ကွဲမှုရောက်လာတာမို့ ကြောင်အကာသာ ရပ်နေလိုက်မိသည်။ သို့သော် သူ့ကို ထိုပေါက်ကွဲမှုက ဘာမှ ဖြစ်မသွားစေပေ။
သူ ဇဝေဇ၀ါ ခံစားလာရသည်။ သူက အရမ်းကို ပေါ့ပါးနေသလိုမျိုး ၊ အရမ်းကို လွတ်လပ်နေသလိုမျိုး။
" မင်းက တော်ဝင်အိမ်ရှေ့စံ ဖြစ်ထိုက်ပါပေတယ်။ ငါ့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်သေးတာပဲ"
" ဟမ့် အပိုတွေမပြောစမ်းနဲ့။ မင်းကို ငါသတ်ရမယ် ဒါမှသာ ငါ့အတွက် တာဝန်ပြီးမြောက်လိမ့်မယ်"
ကျူးယင်အစကတော့ အောက်ကိုသာ ငုံ့ကြည့်ပြီး မီးတောက်တွေကို နင်းမိမှာစိုးလို့ ရှောင်နေခဲ့တာ။ စကားသံကြားရပေမယ့်လည်း သူနဲ့မဆိုင်တာမို့ မော့မကြည့်ခဲ့ပါဘူး။ သို့ပေမယ့် ရင်းနှီးတဲ့ ခပ်သြသြလေသံကို ကြားရချိန်မှာတော့ သူ့ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပေသည်။
စစ်ဝူရှဲ့...
စစ်ဝူရှဲ့က ရွှေဝါေ၇ာင်ဝတ်စုံကို ခမ်းနားစွာဝတ်ဆင်ထားတာဖြစ်ပြီး သူ့ကို ထက်မြတ်တဲ့ အရှိန်အ၀ါတွေက သူရဲကောင်းဆန်စွာ လွှမ်းခြုံနေသည်။ တစ်ဖက်ကတော့ အမည်းရောင် မြူထုကြီးကို ၀န်းရံထားစေတဲ့ နတ်ဆိုး..
' ၀ူရှဲ့က မိုးကြိုးတွေကို သန့်စင်လို့ ပြီးသွားပြီလား။ မဖြစ်နိုင်တာ အခုက ဘယ်နှစ်၇က်ရှိသေးလို့လဲ'
သူ ရှုပ်ထွေးစွာ ကြည့်လိုက်ပေမယ့် တဆတ်တည်းမှာပဲ ၀မ်းသာမိလေသည်။ ဒီလိုထူးခြားတဲ့နေရာမှာ ရင်းနှီးတဲ့သူကို တွေ့ရတာ ဘယ်လောက်ကောင်းလိုက်လဲ။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover