အပိုင်း ၉

4.4K 611 64
                                    

ယင်နတ်စွမ်းအားဟာ နတ်စွမ်းအင်တွေထဲမှာ ထူးဆန်းတဲ့စွမ်းအင်ပုံစံတစ်မျိုးဖြစ်သည်။ အသက်ကယ်နိုင်သလို ပေးဆပ်ရမှာလည်း များသည်။ ယင်နတ်ဘုရားအဆင့်ကို ရောက်ပြီဆိုရင် သွေးတစ်စက်နဲ့တင် ကယ်နိုင်သည်။ မသေသေးသ၍ ဘယ်လိုအနာရောဂါ၊ ဒဏ်ရာကိုမဆို ပျောက်ကင်းနိုင်ပေမယ့် ပေးဆပ်ရမှာကလည်း များသည်။ သေပြီးသူကို ကယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စကားက အလကားမဟုတ်ခဲ့။ ယင်နတ်ဘုရားအဆင့်မှာ သေသူကိုပါ ပြန်ရှင်အောင် အသက်သွင်းပေးနိုင်ပြီး ပြန်လည်ရှင်သန်လာသူဟာ ယင်နတ်ဘုရားကိုသာ အရှင်သခင်လို့ မှတ်ယူပြီး အနားမှာအမြဲ နေသွားရတော့မှာပင်။ တစ်စုံတစ်ခုသော သက်ရောက်မှုကြောင့်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် အရှင်သခင်ရဲ့ စကား၊ အမိန့်ကို ငြင်းဆန်ပါက အလိုလို ပျက်ဆီးသွားရမှာဖြစ်သည်။ ဆိုလိုတာကတော့ ထိုသူဟာ သူ့ကိုယ်သူ မပိုင်တော့ဘဲ ဖန်ဆင်းသူရဲ့ ကျေးကျွန်လုံးလုံး ဖြစ်သွားရတော့မှာပင်။

ယင်နတ်တွေရဲ့ ကိုယ်သင်းနံ့က လူသားတွေအဖို့ ကာမလှုံ့ဆော်ဆေးလိုဖြစ်သည်။ နတ်တွေ၊ မိစ္ဆာတွေအတွက်ကတော့ အကျိုးသက်ရောက်မှု နည်းပေမယ့် ချွေးနံ့ကိုတော့ မခံသင့်ပေ။ ချွေးနံ့က နတ်ဘုရားအဆင့် ၊ နတ်ဆိုးအဆင့်တွေကိုပင် အကျိုးသက်ရောက်မှုများသည်။ စိတ်ဝိဥာဉ်အားနည်းသူတွေဆိုရင် ယင်နတ်တွေရဲ့ လွှမ်းမိုးမှုကို အပြည့်အ၀ခံရပြီး စွဲလန်းသွားတော့မှာပင်။

ယင်နတ်ဘုရားတစ်ပါးဟာ အဆင့်တက်လာလေလေ ပိုမိုလှပလာလေလေမို့ နတ်ဘုရားအဆင့်ရောက်သွားတာနဲ့ အဆင့်မြင့်အဆင့်နတ်ဘုရားတွေကိုပါ လွှမ်းမိုးနိုင်စွမ်း များလာမှာဖြစ်သည်။

ဆိုရိုးအရဆိုရင် ယင်နတ်ဘုရားတစ်ပါး ပြုံးလျှင် သုံးလောကကို စိုပြေသာယာစေနိုင်ပြီး ယင်နတ်ဘုရား စိတ်ငြိုငြင်ရင်တော့ လောကကြီး ပျက်ဆီးနိုင်သည်ဟု.....

" ယင်လေးမှာ ယင်နတ်စွမ်းအားတွေ အပြည့်ပဲလေ ။ ဘယ်လိုဖြစ်လို့ နမော်နမဲ့နေရတာလဲ၊ နောက်ဆိုရင် ဂရုစိုက်၊ ချွေးမထွက်စေနဲ့"

" နေပါဦး၊ ရှောင်ယင်က ချွေးထွက်ရအောင် ဘာဖြစ်လို့လဲ"

ကျူးလျန်က ဆူပူသည်ကို ကျူးစစ်က တားသည်၊ သူ ပင်ပန်းနေတယ်လို့ထင်ပြီး နှဖူးကို လာစမ်း၏။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now