ပတ်ဝန်းကျင်အခြေအနေ ရုတ်ချည်းပြောင်းလဲကာ အေးစက် တိတ်ဆိတ်သည့် ကျောက်စိမ်းဂူသို့ သူပြန်ရောက်သွားသည်။ ကျောက်နံရံကိုသာ ပိတ်ကန်လိုက်ချင်စိတ် ၀င်လာ၏။
ဒီစစ်ဝူရှဲ့ဟာ သူ့ကိုတကယ်ပဲ အဝေးပို့ပစ်တယ်။ tsk
" အ အား...."
ဘယ်ဘက်ရင်အုံသို့ သံဖြင့်စောင့်ထိုးလိုက်သကဲ့သို့ စူးအောင့်သောနာကျင်မှုကို ခံစားလိုက်ရသည်မို့ အော်ဟစ်လိုက်မိသည်။ ထိုးစိုက်ခံရပြီးသည်ကို အတွင်းသို့ ထပ်စောင့်ထိုးကာ နှဲ့မွှေနေသလိုမို့ ပိုမိုနာကျင်လာရသည်။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်တော့မလိုမျိုး။
" အား..... အဖေရေ "
ဘယ်ဘက်လက်သန်းကြွယ်က ပြင်းပြင်းထန်ထန်လှုပ်လာတာမို့ လက်မြှောက်ကြည့်လိုက်ရသေးသည်။
ငါနာနေရတဲ့အထဲ ဒီစစ်ဝူရှဲ့က ဘာလုပ်ပြန်တာလဲ။
" ဒါက ၀ူရှဲ့လား"
ကြိုးနီမှ အလင်းတန်းတွေဖြာထွက်လာတာ စစ်ဝူရှဲ့ထွက်လာသည်။ သို့သော် ဒါက စိတ်ဝိဥာဉ်တစ်ခုသာဖြစ်ကြောင်း ဆရာအတင်းဖတ်ခိုင်းထားသည့် စာအုပ်တွေအရသိနေပြီ။ ထိုစစ်ဝူရှဲ့ဟာ ရွှေဝါရောင်အလင်းတန်းအဖြစ်ပြောင်းကာ သူ့ဘယ်ဘက်ရင်အုံသို့ ၀င်သွားပါ၏။ ပြီးခဏမကြာ နာကျင်မှုတွေ ချက်ချင်းပျောက်သွားသည်။ ထိုအခါမှသာ သူ သက်ပြင်းချနိုင်တော့သည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နာကျင်မှုလဲ။ စစ်ဝူရှဲ့က ကြိုသိနေတာလား။ သူက မချစ်မှန်း...။ ဒါကြောင့် ကြိုးနီရဲ့ အပြစ်ပေးမှုကို မခံရဖို့ ဒီအစားခံစိတ်ဝိဥာဉ်ကို ထည့်ထားပေးတာလား။
ကျူးယင်ကိုယ်ပေါ်မှ တစ်ခုထဲသော ချွေးတစ်စက်ဟာ ဂူကြမ်းပြင်သို့ ကျသည်။ ထိုနေရာမှ အပြာနုရောင်အလင်းတွေ တောက်ပလာတဲ့အခါ ဂူတစ်ခုလုံးပင် လင်းထိန်သွားရသည်။ ထိုနေရာက ကျူးယင်ထိုင်ချထားသည့် နဘေးမှာဖြစ်နေသည်မို့ သူအလန့်တကြား ခုန်ထလိုက်မိသည်။
တစ်ဖက်ဘေးကိုအမြန်ပြေးကပ်သွားလိုက်ပြီးမှ အခြေအနေကို လေ့လာနိုင်သည်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover