အပိုင္း ၁၂ Past

4.2K 535 36
                                    

ပင်ကိုယ်ပါရမီနည်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ နှစ်နှစ်ရာလောက်နေတာတောင် ဘာမှ တိုးတက်မလာတာကို ဆိုလိုတာလား။

မျိုးရိုးမြင့်တော့ရော ဘာလုပ်ရမလဲ။ မျိုးရိုးမြင့်ပြီး ပါရမီမပါမှတော့ ဘာ အသုံးကျမလဲ။

ငါ ငယ်ငယ်ကတည်းက ဂရုစိုက်ခံရတယ်။ အမေက ငါ့ကိုအရမ်းချစ်တယ်။ တစ်ခါမှဖွင့်မပြောဖူးပေမယ့် ငါအရမ်းလေးစားတဲ့ အဖေကလည်း ငါ့ကို သိပ်ဂရုစိုက်တယ်။ အကိုကြီးကလည်း ငါ့ကို အမြဲ ကာကွယ်ပေးတယ်။ အကိုလျန်၊ အကိုစစ် နှစ်ယောက်လုံးကလည်း ငါ့အနားမှာ အမြဲစောင့်ရှောက်ပေးနေတယ်။ ငါသူတို့ကို ရိုရိုသေသေ မဆက်ဆံဘူးပေမယ့် သူတို့က ငါ့ရဲ့သူရဲကောင်းတွေပဲ။

ငါ့အနေနဲ့ အန္တရာယ်ဆိုတာကို တစ်ခါမှ မကြုံဖူးဘူး။

အခြားသူတွေပြောကြတဲ့ မကောင်းဆိုးဝါးတွေ၊ မိစ္ဆာတွေ၊ ကြောက်မက်ဖွယ် အိပ်ယာဝင်ပုံပြင်တွေက ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး။

ငါ့ရဲ့ ငယ်ဘ၀က ရေထဲမှာပဲဖြစ်တယ်။

ငါ့ကိုရေနန်းတော်မှာ မွေးတယ်။ ရေနန်းတော်မှာပဲကြီးတယ်။ သုံးလောကမှာ အကျယ်ဆုံးက သမုဒ္ဒရာလို့ပြောကြတယ်။ တကယ်တော့ အကျယ်ပြန့်ဆုံးက ငါ့အိမ်ဖြစ်တဲ့ ရေနန်းတော်ပဲ။ အဖေကသိပ်တော်တယ်၊ သုံးလောကက အထင်ကရနတ်တွေတောင် သတိမပြုမိအောင် ကျယ်လွန်းတဲ့နေ၇ာလပ်တစ်ခုကို ဖန်ဆင်းနိုင်တယ်။ ဒါကြောင့် အဖေသာ ခွင့်မပြုရင် ဘယ်လိုစွမ်းအားရှိတဲ့နတ်မျိုးမှ ရေနန်းတော်ကို ခြေမချနိုင်ဘူး။

ဒီလိုနဲ့ ငါ့ရဲ့ငယ်ဘ၀က ရေနန်းတော်မှာပဲ ကုန်ဆုံးခဲ့တယ်။ ငါ့ရဲ့ပါရမီကို တစ်ခါစစ်ဆေးပြီးကတည်းက အဖေရော ၊အမေရော၊ အကိုတို့ရောက ငါ့ကို လေ့ကျင့်ဖို့မပြောကြတော့ဘူး။

သူတို့ ငါ့ကိုလွှတ်ထားပေးတယ်။ မဆူပူဘူး၊ မဖြောင်းဖျဘူး၊ တကယ် ဘာမှကိုမပြောတာ။

အကိုစစ်က တစ်ခါပြောဖူးတယ် ၊ 'ရှောင်ယင် မင်းလုပ်ချင်တာကို လုပ်ပါ မင်းနောက်မှာ ငါတို့တွေ ရှိတယ်'တဲ့...

ဒီစကားကြောင့်လားတော့ မသိဘူး၊ တဖြေးဖြေးနဲ့ ငါ အရမ်းဆိုးလာတယ်။ ငါ့ကိုယ်ငါလည်း သိပါတယ်၊ အလိုလိုက်ခံရလွန်းတဲ့ ကလေးတွေက ဆိုးတတ်တာပဲမဟုတ်ဘူးလား။ ငါ လိုချင်တာရှိရင် အကိုတို့ကို ပြောတယ်၊ ငါပြောသမျှကို အကိုတွေက ဖြစ်အောင်လုပ်ပေးတယ်။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now