ဒူးထောက်ကာ မျက်နှာငယ်နဲ့ မော့ကြည့်နေတဲ့ စစ်ဝူရှဲ့က တကယ်ပဲ သူသိတဲ့သူလား။
ကျူးယင် ပြုံးလိုက်တော့ စစ်ဝူရှဲ့၏ အကြည့်တွေက ရီဝေသွားသည်။ သူ့အလှကို ခုနောက်ပိုင်းမှာ သေချာအသုံးချလာနိုင်ပြီထင်သည်။
" ငါ့ကို ပြန်ပို့ပေးပါ။ ဒီလိုဆိုရင် ငါမင်းကို တကယ် ကျေးဇူးတင်နေမှာပါ ၀ူရှဲ့"
" ယင်လေး"
စစ်ဝူရှဲ့အကြည့်က ပြောင်းသွားကာ ချက်ချင်း ထရပ်လာသည်။ သူဒီလိုပြောလိမ့်မယ်လို့ မထင်ထားဘူးထင်သည်။
" ငါအရင်က မင်းပြောသမျှ နားထောင်တယ်ဆိုတာက ငါ့စိတ်ငါ သေချာမသိသေးတာမို့လို့...... ငါ သေချာဂရုစိုက်ချင်တဲ့သူ.... ငါ ချစ်တဲ့သူကို သေချာမသိသေးလို့ ..... ၀ူရှဲ့ ငါ့စိတ်ကို မင်းသိနေလျက်နဲ့ တမင်မပြောခဲ့တာကို ငါအပြစ်မတင်တာက မင်းဘက်ကို ကြည့်ပေးလို့ဆိုတာ မင်းသိသင့်တယ် မဟုတ်ဘူးလား။ ငါချစ်တဲ့သူက အန္တရာယ်ကြားထဲ ရောက်နေတဲ့အချိန်မှာ ငါ မင်းနဲ့ ပုံပြောတိုင်း ဆော့နိုင်မယ်မထင်ဘူး "
" ယင်လေး မင်း မင်း... ငါပြောတာတွေကို မယုံဘူးဟုတ်လား။ ယင်လေး မင်း ဘာလို့မယုံရတာလဲ ငါအမှန်.. အမှန်တွေ ပြောနေတာကို"
၀ူရှဲ့ရဲ့ ထိတ်ထိတ်ပြာပြာ အမူအယာတွေက သူ့ကို သက်ပြင်းချမိစေသည်။
စစ်ဝူရှဲ့ရဲ့ လက်ထဲက သူ့လက်ကို ပြန်ထုတ်ကာ နောက်တစ်လှမ်းဆုတ်လိုက်ရင်း
"အရင်က မင်းငါ့ကို ကြိုက်သလိုထိတာ ကိစ္စမရှိပေမယ့် နောက်ထပ်တော့ မထိပါနဲ့တော့။ ငါ သီနတ်ဘုရားကိုချစ်တာမို့လို့ ငါချစ်တဲ့သူကပဲ ငါ့ကို ထိခွင့်ရှိတယ်"
" ဘာ "
စစ်ဝူရှဲ့ မျက်လုံးပြူးကာ နောက်သို့ ဆုတ်သည်။ ဘယ်ကိုကြည့်လိုက်၊ ညာကြည့်လိုက်ဖြစ်နေကာ သူ့ဆံပင်ရှည်တွေကို ဘာသာ ဆွဲဖွပါ၏။ ပတ်ဝန်းကျင်မှာ လှိုင်းထန်လာတဲ့ လေလုံးတွေကိုကြည့်ရုံနဲ့ စစ်ဝူရှဲ့ရင်ထဲမှာလည်း ဂနာမငြိမ်တာကို သိနိုင်သည်။
သူ စစ်ဝူရှဲ့ကို သေချာစောင့်နေလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူက စွမ်းအားနိမ့်သေးလို့ ကိုယ့်စိတ်နဲ့ကိုယ် မပြန်နိုင်သေးတော့ ပြန်ပို့ပေးမယ့်သူကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့။ သူ့အကိုပေးထားတဲ့ လက်ဆောင်ကိုသုံးလို့ရပေမယ့် ရတနာတစ်ခုကို မဖြုန်းချင်တာမို့ နည်းနည်းတော့ စောင့်ကြည့်လိုက်ပါဦးမယ်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover