မျက်စိမှိတ်ကာ နတ်စွမ်းအားဖြည့်တင်းနေပေမယ့် သူသတိလက်လွှတ်နေနေတာမဟုတ်။ ထို့ကြောင့် လှုပ်ရှားမှု အငွေ့အသက်တစ်ခုကို အာရုံခံမိသည့်အခါ ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့သော် ဂူက တိတ်ဆိတ်ဆဲ။ ထိုင်ရာမှ မတ်တပ်ထရပ်ကာ ဟိုဟိုဒီဒီကြည့်နေစဉ် ခါးကိုသိမ်းဖက်လာသည့် လက်တွေနှင့် လေပေါ်မြောက်တက်သွားတဲ့ ခံစားမှုကြောင့် ၊လက်တစ်ဖက်မှာ တန်ခိုးစွမ်းအင်တွေက စုပုံလာလေပြီ။
" ၀ူရှဲ့လား"
သူ့အမေးနောက်မှာ အလွန်နီးကပ်သောအသက်ရှူသံနှင့် ခပ်သြသြရယ်သံကိုကြားလိုက်ရသည်။
" ဟား ဟား။ ယင်လေးက ကိုယ်မှန်းတန်းသိတာပဲ"
" ငါ့ကို ဒီလိုတွေလုပ်တာ မင်းပဲရှိတယ်လေ"
အထွန့်တက်လိုက်တာဖြစ်ပေမယ့် ဒေါသသံမပါ။ သူ ရွှယ်ချုံ့ကိုတောင်မေးနေခဲ့တာမဟုတ်လား။ သူ ၀ူရှဲ့ကို သတိရနေတာလေ။ သူတို့စေ့စပ်ထားပြီးပြီလေ ၊ စစ်ဝူရှဲ့က တစ်သက်လုံး သူ့ကိုအဖော်ပြုပေးရမှာမဟုတ်ဘူးလား။
စစ်ဝူရှဲ့က သူ့ကိုခါးမှကိုင်မကာ လေတွင်ဝေ့ရမ်း၏။ အသည်းထဲ အေးခနဲဖြစ်ကာ ခေါင်းတွေနောက်လာတော့မှ ရပ်သည်။ သို့တိုင် ဖက်ထားသည်ကိုအလွတ်မပေး။ သူရုန်းတော့မှ တင်းကျပ်ထားမှုကိုလျော့ပေးကာ ခပ်ဖွဖွသာဖက်တော့သည်။
" ကိုယ်က ယင်လေးကို သတိရနေတာ။ နောက်နှစ်နည်းနည်းကြာရင် ကိုယ်ဒီမှာ ယင်လေးနဲ့လာနေလို့ရပြီ"
" တကယ်လား။ မင်းနေလို့ရပါ့မလား အဖေက သဘောတူမှာမဟုတ်ဘူး။ ဆရာကလည်း..."
ရွှင်မြူးသွားတဲ့ပုံရိပ်အလှလေးက မှိုင်ကျသွားပြန်တော့ စစ်ဝူရှဲ့ ရင်နာရပြီ။ ဆွဲဆောင်မှုရှိလွန်းတဲ့ရောင်ဝါတွေလွှမ်းနေသည့် ကျူးယင်ကို သူ့ဘက်ဆွဲလှည့်လိုက်တော့ အရုပ်လေးလို အလွယ်တကူလှည့်လာ၏။ ရွှန်းစိုနေတတ်တဲ့မျက်ဝန်းကြည်ကြည်လေးတွေက မှိုင်နေသည့်အခါ သူ့အသည်းကို အပ်နှင့်ထိုးသလိုပင် တစ်ဆစ်ဆစ်ဖြင့်နာသည်။ ဂူ၏အပူချိန်ကြောင့် အေးစက်နေသည့်ဝန်းကျင်က ကျူးယင်လေးရဲ့ နှာခေါင်းလေးကို နီရဲစေသည်။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover