" ရိုင်းစိုင်းတဲ့တပည့်မျိုး ငါမလိုဘူး"သူ့ကို စူးရဲစွာကြည့်ကာ အေးစက်စက်ပြောသည့်သူတစ်ဦး၊
" တိတ်စမ်း မင်း မင်း....."
မြေတွင် သွေးအန်ကာလဲကျနေသောသူ့ကို အတွင်းဝတ်အပါးသားတစ်ထည်ထဲဝတ်ကာ မတ်မတ်ရပ်လျက် လက်ညိုးထိုးကာ အံတကြိတ်ကြိတ်နှင့်ရှိနေသော တစ်စုံတစ်ဦး၊
" မင်း ငါ့အရှက်ကို ခွဲနေတာ။ မင်းက ငါ့ကို အရှက်ကွဲစေချင်နေတာ။ ထွက်သွားစမ်း ငါ့မျက်စိအောက်က ထွက်သွားစမ်း။ "
စားပွဲခုံမှ ရေနွေးပန်ကန်လုံးတွေကို တွန်းဖယ်ပစ်လိုက်တာကို အားမရသေးသလို ထိုစားပွဲကိုပါ တွန်းလှန်လိုက်သေးသည့် အသက်ပြင်းပြင်းရှူကာ ဒေါသတကြီးဖြစ်နေသော တစ်စုံတစ်ဦး၊
" မင်းခုလိုတွေ လုပ်ရုံနဲ့ ငါက မင်းကို အသိအမှတ်ပြုလာမယ်ထင်နေတာလား ။ ကျူးယင် မင်းက အသုံးမကျတဲ့နတ်ပဲ။ ကျူးယန်နတ်ဘုရားအစား ငါရှက်လိုက်တာ။"
စိတ်ပျက်သလို အေးစက်စက်ကြည့်လာသည့်အကြည့်တွေ၊ သူ့ကိုမလိုလားသောဟန်တွေ၊
" မလိုဘူး၊ မင်းအသိနဲ့ ထွက်သွားဖို့ပဲ ။ မင်း ဒီ့ထက်လွန်လာရင်တော့ ဒီတောင် ရေလွှမ်းရင်တောင် မင်းကို တောင်ပေါ်က ကန်ထုတ်မှာ"
သူ့အား တစ်ချက်ကြည့်ကာ ထွက်ခွာသွားသော နွေးထွေးမှုကင်းသည့်ကျောပြင်ကျယ်။
ရင်ဘက်ထဲစူးအောင့်နေမှုနှင့်အတူ အသိစိတ်တို့ပြန်ကပ်သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် မြင်ရတာက ကျောက်စိမ်းအတိပြီးသည့်ဂူမျက်နှာကျက်။အဲ့ဒိ ပုံရိပ်တွေကဘာလဲ။ သူ့ကို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံတဲ့သူ။ သူ့ကို အေးစက်စွာကြည့်တဲ့ အကြည့်တွေ။ တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းပါးတွေ တုန်ယင်နေလောက်အောင် ဒေါသထွက်နေတဲ့တစ်စုံတစ်ယောက်။ ဘာလို့ သဲသဲကွဲကွဲမမြင်ရတာလဲ။ ဘာလို့ သူ့ကို ရွံရှာသလို ကြည့်တာလဲ။ ဒါအိပ်မက်ဖြစ်နေပေမယ့် တကယ်ဖြစ်ပျက်ခဲ့မှနး သူခံစားမိနေတယ်။ ဒါက ဘာလဲ ၊ သူမေ့နေတဲ့ အကြောင်းအရာတွေများရှိနေတာလား။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover