အပိုင်း ၃

5.4K 765 28
                                    

ကျောက်စိမ်းဂူအတွင်းတွင် ဂူနံရံမှ အရောင်အသွေးစုံသော ပန်းခက်ပန်းဆွဲတွေ အောက်စိုက်ကာညွတ်ကျနေသည်။ မြက်ခင်းပမာ ပန်းအလှခင်းကလည်း ဂူကြမ်းပြင်တွင်အပြည့်။ ကျောက်ဖျာဆန်ဆန် ပန်းမွေ့ယာတစ်ခုပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးစုံမှိတ်ထားသောတစ်စုံတစ်ယောက်။ ထိုသူ့ထံမှ မိုးပြာရောင်နှင့် အစိမ်းရောင်ခပ်ဖျော့ဖျော့ထွက်နေကာ အပြာနုရောင်တစ်ထပ်ကတော့ တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည်။ ထိုသူက တစ်စုံတစ်ခုကို ခံစားမိသည့်အလား မျက်လုံးတို့ဖွင့်လာသည်။ အတန်ငယ်အမှောင်ရိပ်ကျနေခဲ့တဲ့ဂူအတွင်းက ထိုသူ၏ တောက်ပသည့်မျက်ဝန်းတွေကြောင့် ချက်ချင်းလင်းသွားသည့်အလား......

" ရွှယ်ချုံ မင်းလာတယ်"

သူဝမ်းသာအားရဖြင့် မျက်နှာနားအထိပျံသန်းလာသည့် ဖြူဖြူဖွေးဖွေးအကောင်ငယ်လေးကို ကြည့်လိုက်သည်။

ဒီနှစ်တွေမှာ သူတစ်ယောက်ထဲဖြစ်နေခဲ့တာ၊ ပြစ်ဒဏ်လည်းပေးခံထားရတာဆိုတော့ သူရွှယ်ချုံ့ကိုတောင် မေ့နေတာ။

" လာချင်နေတာကြာပေါ့။ အိမ်ရှေ့မင်းသားက မသွားခိုင်းလို့"

ရွှယ်ချုံက စစ်ဝူရှဲ့အတင်းပြောကာ သူ့ပေါင်ပေါ်တက်လာ၏။ အသာပွတ်သပ်လိုက်တဲ့အခါ နူးညံ့သည့်အထိအတွေ့က အသည်းယားလွန်းစရာပင်။ ဒီအကောင်လေးက သိပ်ကိုချစ်စရာကောင်းသည်ပဲ။

" ၀ူရှဲ့ကလား။ ဟုတ်သားပဲ ၀ူရှဲ့ ခုတလောဘာလုပ်နေလဲ ။ သူဘာလို့ ငါ့ဆီမလာတာလဲ"

ရွှယ်ချုံက ဖြေချင်ပုံမရ။ သူ့ပေါင်ပေါ်မှာသာ နေရာကျအောင် ဟိုရွှေ့ဒီရွှေ့လုပ်ပြီး သူ့ကိုယ်ဝန်းရံထားသည့် အရောင်ရောအလင်းတွေကို လက်ဖြင့်လှမ်းတို့သည်။ သူအာရုံစိုက်ကာကြည့်ကြည့်မှ ရွှယ်ချုံက ထိုယင်စွမ်းအင်တွေကို စုပ်ယူနေကြောင်းတွေ့ရ၏။ သူသိပ်ပြီးတော့ မအံ့သြဖြစ်။ ကောင်းကင်သားရဲဆိုသည်မှာ အဆင့်တက်ဖို့အတွက် ယင်စွမ်းအင်ကိုအဓိကလိုသည်ပဲ။

ဘာပဲဖြစ်ဖြစ်ပါ ဒီကောင်လေးစုပ်ယူနေသမျှက သူ့ဆီပြန်ရောက်မှာပဲဟာ သူဆန္ဒမရှိရင် ဘယ်သူမှ သူ့ဆီကနေ ယူလို့မရပါဘူး။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now