ပင်မနန်းဆောင်တွင်းရှိ လေသာဆောင်တစ်ခုတွင် စစ်ဝူရှဲ့နဲ့ကျူးယင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ကြည်လင်နေတဲ့ ကျောက်စိမ်းစားပွဲပေါ်က ခပ်နောက်နောက်ကျောက်စိမ်း ရေနွေးပန်ကန်လုံးတွေမှာ အငွေ့တထောင်းထောင်းထနေသော ကောင်းကင်မြက်ရည်တို့ဖြင့် ပြည့်နေ၏။ အနံ့သင်းသင်းကို ရှူရုံဖြင့် နတ်စွမ်းအင်ကို ပြည့်ဖြိုးစေတာမို့ ကောင်းကင်နန်းတော်ရဲ့ ရတနာတစ်ပါးဖြစ်နေဖြစ်၏။
ခပ်မြန်မြန် မော့သောက်လိုက်လို့ ကုန်သွားတဲ့ခွက်ဟာ သိပ်မကြာခင်မှာပဲ ကောင်းကင်မြက်ရည်ဖြင့် ပြန်ပြည့်သွားပါ၏။ သူက သောက်လိုက် ၀ူရှဲ့ကဖြည့်လိုက်ဖြင့် သံသရာလည်နေခဲ့ကာ သူ သောက်ခဲ့တဲ့ခွက်ပေါင်း ငါးဆယ်လောက်ရှိနေပေပြီ။
" ယင်လေးက ကောင်းကင်မြက်ရည်ကို ကြိုက်နေတာပဲ"
" အင်း သောက်လို့ကောင်းတယ်။ လူသားမျိုးနွယ်တွေရဲ့ အားဖြည့်အချိုရည်တွေလိုပဲ။"
" ယင်လေး ကျောက်စိမ်းဂူကိုပြန်ရင် မလျော့ပုလင်းနဲ့ အပြည့်ထည့်ပေးလိုက်မယ်။ "
" တကယ်လား။ ဒါဆို နှစ်ပုလင်းလောက်ရမလား ငါ အဖေ့ကိုလည်း ပေးချင်လို့"
" သိပ်ရတာပေါ့ ယင်လေး အဖေက ကိုယ့်အဖေပဲလေ။ နှစ်ပုလင်းကနည်းရင် ယင်လေး အကိုတွေအတွက်ပါ တစ်ပုလင်းဆီ ယူဦးမလား"
" ယူလို့ရတာလား"
သူထိုသို့မေးတော့ မဲ့တဲ့တဲ့ဖြစ်သွားသည့် ၀ူရှဲ့ရုပ်က ရယ်ချင်စရာ။ ကောင်းကင်မြက်က နှစ်တစ်ရာမှာတစ်ကြိမ်သာပေါက်တာမို့ ကောင်းကင်နန်းတော်မှာတောင် ရာထူးမြင့်နတ်တွေပဲ သောက်သုံးနိုင်တာမဟုတ်လား။ သူ့ကိုပေးမယ့် မလျော့ပုလင်းဆိုတာကလည်း ပင်လယ်ကြီးလောက်ထည့်မှသာ ပြည့်တတ်တဲ့ နတ်စွမ်းအားနဲ့ဖန်ဆင်းထားတဲ့ ပုလင်းဖြစ်နေလေတော့ စစ်ဝူရှဲ့ သွေးတက်ချင်စရာပင်။
" ငါက နောက်တာပါ နှစ်ပုလင်းဆို ရပါပြီ။ အဖေ့အတွက်က အဓိကပဲ အကိုတွေကို ငါ စိတ်ဆိုးနေတယ် သူတို့အတွက် မပေးဘူး"
မျက်ခုံးပင့်ကာ ၀ူရှဲ့ကကြည့်သည်။ လင်းထိန်နေသည့် နေ့အချိန်ကို ချက်ချင်းပင် မှောင်မည်းကာ လရောင်သာရှိတော့အောင် စစ်ဝူရှဲ့က ပြောင်းပစ်ပါ၏။ ကြယ်တွေတလက်လက်က သူ့အနားပတ်ကာ လင်းနေသလို။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover