Final

6.9K 523 95
                                    

ကျူးယန်က သူ့ခေါင်းကို လက်နဲ့သပ်ပေးမှ နာကျင်မှုတွေပျောက်သည်။ သူ အဖေ့ကို မော့ကြည့်တော့ စိတ်မကောင်းဟန်ဖြင့် ပြုံးပြသည်။

သူကသာ ဖခင်ကို အပြစ်မြင်မိတာမို့ နာကျင်ရတာ ဖြစ်သင့်ပါသည်။

ကျူးယန်က သူ့စိတ်ကိုနားလည်တဲ့အလား ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးသည်။

သူတို့သားအဖကိုတော့ သီနတ်ဘုရားနဲ့ ကော့ယွင်နတ်ဘုရားတို့က လိုက်ကြည့်ကာနေသည်။ ကော့ယွင်က ကျူးယန်ကို အချက်ပြလိုက်တော့ ကျူးယန်ရဲ့နတ်အရှိန်အ၀ါတွေက ကျူးယင်အား တင်းကျပ်စွာ ရစ်ပတ်တော့သည်။

" မဟုတ်ဘူး အဖေ သားဒီကနေ ထွက်မသွားဘူးနော်... သူ့ကို တစ်ယောက်ထဲ မထားခဲ့နိုင်ဘူး"

သူ့အသံက တိုးပေမယ့် ဒီနတ်တွေအကုန်ကြားနိုင်တာ သူသိသည်။ ကျူးယန်က သားဖြစ်သူကိုကြည့်ကာ တွေဝေသွားသည်။ သူက တစ်ကိုယ်ကောင်းဆန်ပေမယ့် သူလုပ်သမျှက မိသားစုအတွက်သာဖြစ်သည်။

ကော့ယွင်ကတော့ ကျူးယင်ရည်၇ွယ်သည်ကား သူလို့ထင်ပြီး ပြုံးသွားသည်။ သီ၏ မျက်ဝန်းတွေကတော့ မျှော်လင့်ခြင်းတွေဖြင့် လင်းလက်လာသည်။

ကော့ယွင်က

" မင်မင်က ကိုယ့်ကို စိတ်ပူနေတာပဲ ။ ကိုယ်က လူသားခန္ဓာထဲမှာ ရှိနေတာမဟုတ်တော့ဘူး ကိုယ်အားလုံးစွမ်းနိုင်တယ် မင်မင် စိတ်မပူဘဲ စောင့်နေနော်"

သူက ဖုန်းမင်မဟုတ်ဘူးလို့ ပြောခဲ့တာကိုလည်း ကော့ယွင်က အလေးမထားပုံပင်။

" ကျွန်တော် စိတ်ပူတာ နတ်ဘုရားကိုမဟုတ်ဘူး"

စကားနဲ့အတူ အကြည့်က သီထံ ရွှေ့သွားတော့ ခက်ထန်နေဆဲမျက်နှာထားက သူ့အား မျှော်လင့်ချက်တွေအပြည့်နှင့်ကြည့်သည်။ သူဆက်မပြောပေမယ့် ဆိုလိုတာကိုတော့ သိလောက်မှာပါ။

ကော့ယွင်က ဒေါသထွက်သွားကာ သီနတ်ဘုရားဘက်လှည့်ပြီး ယင်နတ်စွမ်းအားဖြင့် တွန်းထုတ်သည်။ သီကား နဂိုကမှ အင်မတန်အားနည်းနေရကား ယင်နတ်စွမ်းအင်ဒဏ်ကို ခံနိုင်ရည်မရှိပြီ။ သူ့ခန္ဓာက မပျက်စီးနိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကတော့ ကမောက်ကမဖြစ်ပြီး နောက်သို့လွင့်စင်ကာ မီးတိုင်တစ်ခုနှင့် ပြင်းထန်စွာ ရိုက်မိသည်။ တန်ခိုးစွမ်းအားမြင့်သူဆိုလျှင် ကိုယ်တွင်းအင်္ဂါတွေ တိုက်မိသံကို ကြားနိုင်ပေမည်။

Becoming Empress but She isn't a Girl (Volume 2) Where stories live. Discover now