ရပ်ကြည့်နေခဲ့ကြတဲ့နှစ်ယောက်က တစ်ဖက်ဆီကိုရောက်လာကာ ကျောက်လျင်ကအရင်
" ဖုန်းမင် စိတ်မဆိုးပါနဲ့။ အစောက ငါတို့နောက်ခဲ့တာကိုလည်း စိတ်ထဲမထားနဲ့။ မိဖုရားခေါင်ကြီးက လီချန်းကိုကြင်ယာတော်ရစေချင်နေတာလေ ဒါကြောင့် ငါတို့က နားအေးအောင်လို့နန်းတွင်းကထွက်ပြီး မြို့တကာလှည့်နေတာ။ အဓိကက ကြင်ယာတော်ရှာဖို့ပဲ"
လီချန်းဆီမှအကြည့်တွေကို ကြိုးစားရုန်းကန်ကာလွှဲလိုက်ပြီး ကျောက်လျင်ကိုကြည့်လိုက်တော့ သူ့ကိုရှင်းပြနေရာက မျက်နှာရဲသွား၏။ ထျန်ရှင်းဆိုသူက
" ဟုတ်တယ်။ ဒါပေမယ့် လီချန်းက မိန်းမတွေကိုတစ်ညအိပ်ပြီးတာနဲ့ စိတ်ကုန်နေတော့ အမြဲအနားမှာထားဖို့ အဆင်ပြေတဲ့သူမတွေ့ဘူးဖြစ်နေတာ ဒါကြောင့် ငါတို့တွေ အဆင်ပြေမယ့်သူကိုရှာရင်းနဲ့ ဒီကိုရောက်လာတာပဲ"
" မင်းတို့က မမေးရဘဲ အကုန်ပြောနေတော့တာပဲ အဟက်"
မခန့်မှန်းနိုင်တဲ့အမူအယာပြောင်းသွားတဲ့လီချန်းကို ကျောက်လျင်နှင့်ထျန်ရှင်းက လန့်သလိုကြည့်သည်။ နောက်မှ နှစ်ယောက်သားအသံတိုးတိုးဖြင့်
" ဖုန်းမင်ရှေ့မှာ ငါတို့က ..."
" ငါတို့က မင်းကိုအမြင်ကောင်းရစေချင်တာပါ"
" အမြင်ကောင်း ငါမိန်းမတွေနဲ့တစ်ညပဲအိပ်တယ်ဆိုတာက အမြင်ကောင်းပေါ့ သြော်"
" အာ လီချန်းကလည်းကွာ..."
" ငါတို့က မင်းကောင်းဖို့ပဲကြည့်တယ်ဆိုတာ မင်းသိပါတယ်"
အပြန်ပြန်အလှန်လှန်ဖြေရှင်းနေတာကိုကြည့်ပြီး သူနားလည်လိုက်ရသည်က လီချန်းဆိုသူမှာ ဒုတိယမင်းသားဖြစ်မည်ကိုပင်။ အိမ်ရှေ့မင်းသားထက် စွမ်းအားပိုကြီးသည်ကလွဲလျှင် မိန်းမလိုက်စားပြီး အပျော်အပါးသာမက်သည့်မင်းသားဟု လူသိများသော လီချန်း။
မြို့တော်က သတင်းတွေက ရွာထိ တော်ရုံမရောက်ပေမယ့် မင်းသားနှစ်ရဲ့ မြှာပွှေမှုအကြောင်းကတော့ ကလေးကအစသိသည်ပေ။ လူကြီးတွေက ကလေးတွေကို မင်းသားနှစ်ကိုသာဓကပြပြီး ဆုံးမနေကြဖြစ်သည်မို့။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover