ငါ့နာမည်က ဖုန်းမင်။ ငါ့အဖေနဲ့ အမေက သာမန် လယ်သမားတွေ။ ငါ့အစ်မနှစ်ယောက်ကလည်း သာမန် ရွာသူတွေပဲ။ ဒါပေမယ့် ငါကတော့ သူတို့နဲ့ ကွဲပြားနေတယ်။ ဘယ်အချိန်ကစပြီး ကွဲပြားလဲတော့ ငါမသိဘူး ဒါပေမယ့် ငါက သူတို့နဲ့ မတူတာတော့ အမှန်ပဲ။
ငါ့ကို မွေးတုန်းက တစ်ရွာလုံးကို လင်းထိန်စေတဲ့ သက်တန့်ကြီးက ကောင်းကင်မှာ တစ်ရက်တိတိပေါ်နေခဲ့တယ်။ အမေ့ဗိုက်ထဲက ငါထွက်တဲ့အခါ တစ်အိမ်လုံးကို တောက်ပသွားစေတဲ့ မျက်စိကျိန်းမတတ် အလင်းရောင်တွေ ထွက်ပေါ်ခဲ့တယ်။
ငါက သူများကလေးတွေလို မငိုတတ်ခဲ့ဘူး၊ ငါ့ကို လက်သည်တွေက ငိုအောင် ဆိတ်ဆွဲကြတာတောင် ငါမငိုခဲ့ဘူး။ ဒါပေမယ့် နူးညံ့လွန်းတဲ့ ငါ့အသားအရည်က သာသာလေး ဆွဲဆိတ်တာတောင် ချက်ချင်း သွေးတွေ ထွက်လာခဲ့လို့ မီးနေသည် ငါ့အမေသာ မေ့လဲသွားတယ်လို့ အဖေက ပြောတယ်။
ငါ့အစ်မနှစ်ယောက်က သူတို့နဲ့ကွဲပြားပြီး သိသိသာသာ စွတ်စွတ်ဖြူဖွေးနေတဲ့ ကလေးငယ်လေးကို အသည်းယားပြီး ပွေ့ချီဖို့လုပ်တယ်။ ထူးဆန်းတာက သူတို့တွေ ငါ့ကို ထိလိုက်တာနဲ့ ငါစငိုခဲ့တာပဲ။ မှတ်မှတ်ရရ ငါက မွေးစကတည်းက မိဘတွေနဲ့ လက်သည်အဒေါ်ကြီးကလွဲပြီး ကျန်တဲ့လူတွေ ချီပွေ့တာကို သဘောမကျခဲ့ဘူး။ ချီပွေ့ခဲ့ရင်လည်း တက်မတက် ချက်မတက်ငိုတာမို့ ၊ အထူးသဖြင့် အစ်မနှစ်ယောက်မှာ ကြည့်မရ ဖြစ်ခဲ့တယ်။
ငါ့အသက်ဆယ်နှစ်မှာ အဘွားကို ပထမဆုံးတွေ့ခဲ့တယ်။ အဘွားက ငါ့ထက်ကြီးတဲ့ အကိုကြီးတစ်ယောက်ကို လက်ဆွဲထားတယ်။ အဘွားက ပြောခဲ့တယ်။ ' သား အသက်၇ှည်၇ှည်နေချင်ရင် ၀ိဥာဉ်ချုပ်နှောင်နိုင်စွမ်း ရှိရမယ်' တဲ့။ ငယ်သေးတဲ့ငါက သေတယ်ဆိုတာ ဘာမှန်းမသိဘဲနဲ့တောင် သေမှာကို သိပ်ကြောက်ခဲ့တယ်။ ဒါကြောင့် ငါ အဘွား သင်ပေးတဲ့အတိုင်း လေ့ကျင့်ခဲ့တယ်။ ငါ့အသက် တစ်ဆယ့်တစ်နှစ်မှာ ငါ့ကိုယ်ကို အမှောင်စွမ်းအင်တွေ ၀န်းရံလာတယ်။ တစ်ဆယ့်ငါးနှစ်မှာတော့ ငါ့သွေးတွေထဲမှာပါ အမှောင်စွမ်းအင်တွေ ကိန်းအောင်းလာတယ်။
ငါ့အသက် တစ်ဆယ့်ခြောက်နှစ်မှာ အဘိုးနဲ့ ပထမဆုံးအကြိမ် တွေ့တယ်။ အဘိုးပေါ်လာတဲ့အခါ အဘွားကို မတွေ့ရတော့ဘူး။ အဘိုးကလည်း ပြောတယ်။' မြေး ဒီအတိုင်းဆို ရှင်ဖို့ခက်မယ်တဲ့'
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover