နတ်အမြုတေ ဖွဲ့ဖို့အတွက်က အမြင့်ဆုံး ဈာဉ်ဝင်စားခြင်းအဆင့်ရောက်နေဖို့လိုသည်။ ထို့မှသာ စိတ်တည်ငြိမ်ပြီး ရွှေရောင်အမြုတေကို ဖွဲ့စည်းနိုင်မည်သာ။ ဒီအဆင့်ကစပြီး နတ်အစစ်ဖြစ်တယ်လို့ ဆိုနိုင်သည်။ သို့ရာတွင် အမြုတေကိုလိုက်ပြီး အဆင့်နိမ့်နတ်၊ သာမန်နတ်နဲ့ အ ဆင့်မြင့်နတ်ဆိုပြီး ထပ်ခွဲသေးသည်။ မိုးကြိုးစမ်းသပ်မှုမှာလိုပဲ ဖြစ်သည်။ ကြေးနီရောင်အမြုတေပိုင်ရှင် နတ်တွေက အဆင့်နိမ့်၊ ရွှေရောင်သန်းတဲ့အမြုတေပိုင်ရှင်တွေက သာမန်နတ်နဲ့ ရွှေရောင်အမြုတေတွေကိုတော့ အဆင့်မြင့်နတ်တွေက ပိုင်ဆိုင်တယ်။ ဒီအမြုတေဆိုတာကလည်း ပင်ကိုယ်နတ်စွမ်းအားအပေါ်မူတည်သည်သာ။ မျိုးနွယ်ဆိုင်ရာ သွေးးသားစွမ်းအင်က ကြီးမားရင်ကြီးမားသလို နတ်စွမ်းအားရဲ့ အင်အားကြီးနှုန်းကို ဆုံးဖြတ်နိုင်သည်။
ကျူးယင်လိုနတ်မျိုးဆိုရင် မွေးကင်းစနတ်သူငယ်ကို သွားမေးရင်တောင် အဆင့်မြင့်နတ်ဖြစ်မယ်မှန်း တပ်အပ်ပြောနိင်၏။ ကျူးမျိုးနွယ်ကဲ့သို့ နတ်ဘုရားစစ်မျိုးရိုးတွေသာ အဆင့်မြင့်နတ်မဖြစ်လျှင် မည်သူတွေက ဖြစ်နိုင်ပါမည်နည်း။
" ဒါဆို ရှောင်ယင် ဆက်လုပ်နိုင်မယ်ထင်ပါတယ်။ ရှောင်ယင် အောင်မြင်သွားတာနဲ့ အဖေတို့ ရောက်လာလိမ့်မယ်။ အဖေက ငါ့ညီလေးအတွက် လက်ဆောင်ပြင်ထားတယ်"
အဆင့်တက်ဖို့အတွက် စိတ်လှုပ်ရှားနေတာဟာ အဖေလာမယ်ဆိုတဲ့စကားကြောင့် ပြေပျောက်သွားရသည်။ အဖေက လက်ဆောင်ပေးမယ်တဲ့လား။
" ဘာလက်ဆောင်ပေးမှာတဲ့လဲ အကိုကြီး သိလား"
" ဒါက အဖေလာမှ.."
" ကတိတစ်ခုတဲ့လေ။ ရှောင်ယင် မင်းဆန္ဒတစ်ခုကို ဖြည့်ပေးမယ်ဆိုတဲ့ ကတိတစ်ခုပေးလိမ့်မယ်"
" ဟုတ်တယ်။ အကိုတို့တုန်းကလည်း အဲ့လိုပဲ"
ကျူးလင်က မပြောပြချင်တာကို ကျူးစစ်က လုပြောသည်။ ဒါကို ကျူးလျန်ကလည်း ၀င်ထောက်ခံတော့ ကျူးလင် ရယ်လို့သာ နေတော့သည်။ အခုတော့ ကျူးအကိုတွေ တည့်သွားကြပြီထင်သည်။
ကတိတစ်ခုတဲ့လား။ သူ အတွေးများနေတာ မြင်တော့ ကျူးလျန်က မျက်မှောင်ကြုတ်ကြည့်သည်။ ထိုအခါ အဘိုးကြီးပေါက်စနဲ့ တူသည်။ ကျူးလျန်က အကိုတွေထဲမှာတောင် အတော်ချောမောတယ်လို့ ပြောနိုင်၏။ ကျူးစစ်၏ အတင်းတုပ်မှုအရ ကျူးလျန်ရဲ့ ငြင်းဆိုမှုကြောင့် သောကနွံထဲက မထွက်နိုင်သူတွေ များစွာရှိသည်တဲ့။ ကျူးစစ်အကြောင်းကိုမေးတော့ ငါတို့ကျူးတွေကို မကြိုက်တဲ့သူရယ်လို့ သုံးလောကမှာ မရှိဘူးဟုဆိုသည်။ ကျူးလျန်ကို သူပြန်ပြောတော့ ကျူးလျန်ကလည်း ကျူးစစ်အကြောင်း ပြန်ပြောသည်။ ထူးဆန်းပေမယ့် ကျူးစစ်ကို နတ်ဆိုးမတစ်ယောက်က ကြိုက်ဖူးသည်တဲ့။ အငြင်းခံရပြီးကတည်းက ပျောက်သွားပေမယ့် မိစ္ဆာမတစ်ယောက်က တစ်ခါ လာရင်ဖွင့်သေးသည်မို့ ကျူးယန်က လျှောက်မသွားရ အမိန့်ထုတ်ထားရသည်အထိ။
YOU ARE READING
Becoming Empress but She isn't a Girl (Volume 2)
Historical FictionOC Own Creation. Own story, own plot and own cover