"ခုမှပဲ လွတ်လပ်သွားတာပဲ အကျပ်အထုပ် အပိုအလို တွေ ဖြုတ်ပလိုက် မှပဲ နေလို့ကောင်း
လပြည့် ဗိုက်ဆာပြီ ဘာကျွေးတာတုန်း ငါတို့ မေဂျာက ""ကွေ့တီယို ထင်တယ် ဆိုင်ကောင်းက မှာထားတယ် ပြောတာပဲ ၊ မင်းကဒ်ပေး ငါထုတ်ခဲ့ပေးမယ် "
"လပြည့် မင်းအကြောင်း မသိရင် ခက်ဦးမယ်
ကဒ်ပေး ထုတ်ခဲ့ပေးမယ် တွေ ဘာတွေ လုပ်မနေနဲ့
မင်းဘာခိုင်းချင်တာတုန်း လဒ ""ဟဲဟဲ ငါဒေါက်စီးတာ ခြေထောက်ပေါက်သွားလို့ လမ်းမလျှောက်နိုင်ဘူး အဲတာ မင်းအအေး သွားဝယ် ပေး ငါဝယ်တိုက်မယ် ဟဲဟဲ "
"အခွက်ကိုက ပေး ပိုက်ဆံ ၊ blueberry ပဲမလားမင်းက "
"ဟုတ်တယ် ဟဲဟဲ ဟဲဟဲ "
........
" အမ blueberry 2 ခွက် ပါဆယ်နော် အမ "ဟင် ကိုရှင်း တွေ့ပြန်ပြီ စိတ်တွေလည်း လေပါတယ် ၊ ခုန်ပြန်ပြီ ဒီရင်ဘက်ကလည်း ဘယ်လိုတွေ ဖြစ်နေမှန်းကို မသိဘူး ၊ ဟိုဘက်လှည့်ထားလိုက်မယ် ငါ့ကို မမြင်လောက်ပါဘူး
"ကာရန် အအေးလာဝယ်တာလား "
ကံတရား ငါ့ဘက်မရှိဘူးထင်တယ် လခွမ်းထဲမှပဲ
"အာ ကိုရှင်း ၊ ဟုတ်တယ် အအေးလာဝယ်တာ ကိုရှင်းရော "
"အင်း တူတူပဲ ရပြီးလား အအေးက "
"ဟုတ် မှာထားတုန်းပဲ "
"လပြည့်မပါဘူးလား ကိုယ် စောင့်ပေးရမလား "
"အာ ရတယ် ကိုရှင်း သွားနှင့်ပါ ကျွန်တော်လည်း ရတော့မှာ "
"ရတယ် စောင့်ပေးမယ် "
အဲတာများ လူကိုလာပြီး မေးနေသေးတယ် ၊ မလုပ်နဲ့ဆို လုပ်တာများ ဟွန့်
" ရပြီ မောင်လေး "
"အမ ဘယ်လောက်လဲ"
"အာ ရတယ် ကိုရှင်း ကျွန်တော်ပေးလိုက်မယ် "
"ငြိမ်ငြိမ်နေ ကိုယ်ဝယ်တိုက်မယ် ၊ ရော့ အမ ၂၀၀၀"
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...