❤Part 41❤

15K 868 42
                                    

ဟောဗျာ ကျွန်တော်ဘာမှမလုပ်ရသေးဘူး
ခေါင်းမြှီး ခြုံသွားပြီ ၊ ဘယ်လိုချစ်ဖို့ကောင်းတဲ့
အကောင်ပေါက်လဲ

"ကာရန် ဘာလို့ခေါင်းမြှီးခြုံထားတာလည်း
ကိုယ်ဘာလုပ်မယ် ထင်လို့လဲ "

"....."

"ဒီတိုင်းလေး ထိုင်မလို့ကို
ဘာလဲ ဘာတွေတွေးနေတာလဲ
ကိုယ်ဘာလုပ်မယ်ထင်နေတာလဲ ညစ်တီးညစ်ပတ်တွေ တွေးနေတာလား "

"....."

"ကာရန်
ကိုယ်ပြောနေတာတွေ ကြားလား "

ဟောဟော ခေါင်းမြှီးခြုံရက်ကြီး ငုတ်တုတ်ထိုင်လာတယ် ။ ငါ့နှယ်နော်

"ကဲ စောင်ကြီးဖယ်တော့
မပူဘူးလား "

ပြောလည်းပြော လက်ဖြင့်လည်း ဖယ်ပေးတော့
အထဲကနေ အတင်းပြန်ဆွဲထားသည် ။

"ဘယ်လိုတွေဖြစ်နေတာလဲ ကာရန်
ကိုယ်စိတ်မရှည်တော့ဘူးနော် "

နည်းနည်းအော်သလို ဖြစ်မှငြိမ်ကျသွားသည် ။
ဒီကလေး ကျွန်တော် စိတ်တိုမှာတော့ ကြောက်သား ။ ခဏကြာမှ သူကိုယ်တိုင် စောင်ကို
ဖယ်လိုက်သည် ။ မျက်နှာတစ်ခုလုံး ချွေးတွေနဲ့

"ကဲ ကိုယ်မပြောဘူးလား ပူလိမ့်မယ်ဆိုတာကို
အခု ကြည့် ချွေးတွေရွှဲနေတာပဲ ၊ လာ ကိုယ်သုတ်ပေးမယ် "

ကျွန်တော် ချွေးသုတ်ပေးတော့ ငြိမ်ငြိမ်လေး နေပါသည် ။ ဒါပေမယ့် ခေါင်းကြီးကို အောက်ငုံ့ထားဆဲ

"ခေါင်းကြီးအောက်ကို ငုံ့မထားနဲ့လေ
ကိုယ်ဘယ်လို သုတ်ပေးရမှာလဲ "

မေးဖျားလေး ဆွဲယူကာ မော့တော့
ထင်ထားသည့်အတိုင်း မျက်ရည်အိမ်၌ မျက်ရည်လေးများ တွဲလဲခိုနေတာ

"ကာရန် ငိုနေပြန်ပြီလား
ဘာလို့ငိုနေတာလဲ "

"ကျွန်တော် ကျွန်တော် ပျော်လို့
ဝမ်းသာလို့ "

"ပျော်ရင်ပြုံးနေရမှာ ရယ်နေရမှာ
ငိုရမှာမဟုတ်ဘူး အကြောင့် မငိုနဲ့တော့
အထူးသဖြင့်​ ကိုယ့်ရှေ့မှာ ဘာအကြောင်းနဲ့မှ မငိုနဲ့ "

ကျွန်တော် ကျအံ့နီးနီး မျက်ရည်များရှိရာ မျက်ဝန်းထက်၌ အနမ်းခြွေသည် ။ ဒီကလေး ဘယ်ချိန်ကတည်းက ဒီလောက် ပျော့ညံ့သွားပါလိမ့်

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now