"မေမေ သားတစ်ယောက်လုံးဘေးမှာ ရှိနေတာကို
ကာရန်ကို အရမ်းမျှော်နေတာပဲ ၊ သား သဝန်တို
လာပြီနော် ""မဟုတ်ပါဘူး သားရယ် "
"မတွေ့တာ တစ်ရက်ပဲရှိသေးတာ မလား "
"အင်း ဟုတ်တယ် ၊ ခါတိုင်း စောပါတယ် ၊ ဒီနေ့ ဘာလို့နောက်ကျနေတာလဲ မသိဘူး "
"အလုပ်ရှိလို့ နေမှာပေါ့ "
ဒါမှမဟုတ် သားရှိနေလို့ မလာရဲတာ နေမှာပေါ့
"သား သူ့ကို မှတ်မိတယ်မလား "
"အင်း မှတ်မိတယ် "
"ချစ်စရာကောင်းတယ်နော် ကာရန်လေးက "
"မေမေ ၊ မေမေ သူ့ကို တအားချစ်နေသလိုပဲ "
"ချစ်တာပေါ့ သူနဲ့ တွေ့ရတာ နောက်ထပ်
သားလေး တစ်ယောက် ရသလိုပဲ ၊ လိမ္မာတယ် ၊ ရိုသေတယ် ၊ ကြိုးစားတယ် ၊ သူများနဲ့ များ ကွာပါ့""မေမေ နော် တအားချစ်နေ ၊ မေမေမွေးထားတာ သားနော် သမီးမဟုတ်ဘူး သမက်တော်ချင်နေတာလား"
"တော်လို့ရရင် တော်ချင်တာပေါ့လို့် "
"တကယ် တော်ချင်လား "
သားရအောင် ယူပေးမယ်လေ ဟဲဟဲ
"တော်လို့မှမရတာ ဘာလဲ သားက မိန်းကလေး ပြောင်းမလို့လား "
"ဟာ မေမေရာ သားက ဘာလို့ပြောင်းရမှာလဲ
ထားပါ မေမေနော် သူ့အကြောင်းပြောရင် စကားကို မရပ်တော့ဘူး ဟွန့် ""ကဲ ဒီသားအမိတွေ စကားတွေပဲ ပြောမနေနဲ့
နေ့လည် စာလေးလည်း သတိရကြဦး ""ဟ တီငယ်တောင် လာပြီ ၊ ဘာတွေဝယ်လာတာ "
"သေချာပေါက် သားအကြိုက်ပဲပေါ့ "
"ညီမလေး ကာရန်လေး တွေ့ခဲ့လား "
"တွေ့ဘူး မမ ၊ သူမလာသေးဘူးလား "
"အင်း "
"လာမှာပါ မေမေရယ် ၊ မျှော်မနေနဲ့ "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...