"သား ရှင်း ကုတင်ပေါ်တက်မအိပ်ပဲ ဘာလို့ sofa
ပေါ်အိပ်နေတာလဲ ၊ ဂုတ်တွေ နာတော့မှာပဲ ""တီငယ် အ ကျွတ်ကျွတ် ဂုတ်ကြော လွှဲပြီထင်တယ် "
ဟုတ်သားပဲ မနေ့ညက လူတစ်ယောက် ကိုအပြေးအလွှားလိုက်ရှာရင်း လင်းခါနီးမှ အိပ်ပျော်သွားတာ ၊ ထင်ထားတဲ့ အတိုင်းပဲ လူမှားတာပဲ
အဟတ် အရူးလိုပဲ အပြေးအလွှားနဲ့
ကာရန် ကိုယ်မင်းကို ခဏတာတွေ့မိလို့ စိတ်ကစား
မိတယ် အကြောင့် နောက်လည်းမတွေ့ရမဲ့အတူတူ
ဆိုပြီး အဆက်အသွယ်မရှိပဲ နေခဲ့တာ ၆နှစ်ရှိခဲ့ပြီ၊ မေ့မေ့ပျောက်ပျောက်နေခဲ့တာ၊
ဒါပေမယ့် ခုကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိတယ် ကိုယ်မင်းကို မေ့ရောမေ့ခဲ့ရဲ့လားလို့
လူမှားပြီးတွေ့ခဲ့ မိတာတောင် တစ်ညလုံး
အရူးတစ်ယောက်လိုလိုက်ရှာနေမိတယ်
တကယ်များပြန်ဆုံခဲ့ရင် ကိုယ်ဘယ်လိုနေမလဲ"ရှင်း ရလား "
"ရတယ် တီငယ် မနေ့က ပင်ပန်းတော့ ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး "
"အကြောင့်တီငယ် ပြောတာပဲ အိပ်ပဲပြန်အိပ်ပါဆိုတာကို "
"မေမေကို တွေ့ချင်လို့် ၊ မေမေသတိရင် သားကို
အရင် မြင်စေချင်လို့ ""ဟုတ်ပါပြီရှင် ဆရာဝန် ပြောတယ် ဒီနေ့ သတိရမှာတဲ့ "
"ကဲကဲ သွားသွား မျက်နှာသစ်ချည်၊ တီငယ် နဲ့ အတူ မနက်စာ စားရအောင်"
"ဟုတ် ဒါနဲ့ တီငယ် မေးစရာ ရှိတယ်"
"အင်း ပြောလေ သား "
တော်ပါပြီ မမေးတော့ပါဘူး ၊ တီငယ်လည်း မှတ်မိမှာ မဟုတ်လောက်ဘူး ၊ ပြီးတော့ ဖြစ်မှမဖြစ်နိုင်တာ၊ ငါသိတဲ့ ကာရန်က ဆေးကျောင်းသားမှ မဟုတ်တာ
"ဘာမှဟုတ်တော့ဘူး "
..................."ခွန်း "
"ခွန်း မျက်တောင်လေး ခတ်ပါဦး ၊ ကျွန်တော်ခေါ်နေတာ ကြာနေပြီ ၊ မေးနေတာလည်းမဖြေဘူး "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...