ကာရန် ဘာတွေလုပ်ခဲ့တာလဲ ၊ ရူးနေပြီလား
ဘာလို့ ဖွင့်ပြောခဲ့ရတာလဲ ၊ ဘယ်လိုလုပ်ရမလဲ
ကြောက်တယ် ကိုကို့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ ၊ စိတ်တွေလည်း မွမ်းကျပ်တယ်
ခု ဘာဆက်လုပ်ရမလဲ.....
တွေးရင်း တွေးရင်း ခြေဦးတည့်ရာလာခဲ့တော့
Bar&BBQ ဆိုင်တစ်ဆိုင်ရှေ့ ရောက်လာတယ်
လာပါ လာပါ သောက်ပါလို့ ခေါ်နေသယောင်
အာ ဟုတ်တယ် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို
အရက်သောက်ပြီး မေ့ပစ်ရမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခဏတာတော့ မေ့ပစ်နိုင်မှာပါ ။ စိတ်ဆုံးဖြတ်ပြီး ထိုဆိုင်ထဲကို ဝင်လာလိုက်တယ် ။ ကိုကိုရေ
ကိုကို့ကြောင့် မလုပ်ဖူးတာတွေရော လုပ်တတ်နေပါပြီ ...."Welcome ပါဗျ ..."
"အကိုရေ ကျွန်တော့ကို အပြင်းဆုံး အရက်ပေးပါ
"ရပါတယ်ဗျ ၊ ဒါနဲ့ ညီ တကယ်ရော သောက်နိုင်လို့လား ၊ အပြင်းဆုံးဆိုတော့ "
"သောက်နိုင်ပါတယ်ဗျ "
"Okok ခဏစောင့်ပါဗျ "
"...."
အရက်ပုလင်းရှေ့ရောက်လာတော့ တစ်ခွက်ငှဲ့ပြီး
သောက်ကြည့်လိုက်တယ် ၊ အမယ်လေး
ဘယ်လောက်ဆိုးတဲ့ အရသာလည်း ၊ လူတွေ ဘယ်လိုများသောက်နိုင်ပါ့
အဟဲ ဆိုးတော့ မဆိုးဘူး ၊ အမြီးလေးနဲ့ဆို သောက်ကောင်းတယ် .......----------
ပြောချင်ရာတွေပြောပြီး သူထွက်သွားတာ
အခ်ျိန်အနည်းအငယ် ရှိပြီ ဖြစ်ပေမယ့်
ကျွန်တော်ကတော့ ခုတိုင်းရပ်နေတုန်းပဲ
အရမ်းကို ဆွံ့အမိပါတယ် ၊ ကိုယ့်ကို ချစ်တယ်တဲ့လားကိုရှင်း နိုးလာရင် ကာရန်နဲ့အဆင်မပြေဖြစ်မှာစိုးလို့ လာကြည့်တော့ ၊ အခြေအနေက ဘယ်လိုတွေ ဖြစ်နေတာ ၊ ဆေးပိုက်တန်းလန်းနဲ့
ကျောက်ရုပ်လို ရပ်နေတဲ့ ကိုရှင်း ၊ အခန်းထဲ ရှာကြည့်ကြည့်တော့ ကာရန် မရှိဘူး
ဘာတွေ ဖြစ်သွားပြန်တာလဲ
ČTEŠ
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...