ဒီချိန်မှ ပြန်မလာရင် မလာလောက်တော့ဘူး
အင်းပေါ့ ကိုကို စေတဲ့နေရာနေပြီး
ကိုကိုစေတဲ့ နေရာ သွားရမှာပဲလေ
ဘယ်တတ်နိုင်မလဲ ၊ နည်းနည်းလေး အေးမှာကလွဲပြီး အိပ်လို့ရပါတယ်
Good night ကိုကိုတီ ...တီ ..
ခွန်းဖုန်းခေါ်နေတာပဲ ၊ မကို်င်တော့ပါဘူး
တီ... တီ..
New message"ကာရန် ဘယ်မှာလဲ ၊ ပြန်သွားပြီလား
ကိုယ့်ကိုတောင် နှုတ်ဆက်မသွားဘူးနော်
Good night ကာရန်"ခွန်းတစ်ဝက်လောက် ကျွန်တော့်ပေါ် ကောင်းပေးရင် ကောင်းမှာပဲ ကိုကိုရယ်
ခုတော့ .......----------
"အာ ကျွတ် ကျွတ် ...
"နိုးပြီလား ရှင်း ၊ မနေ့ညက ဘယ်လောက်တောင်
သောက်ခဲ့တာလဲ ""နည်းနည်းများသွားတာ တီငယ်"
"များများ များတာ မဟုတ်ဘူးလား ၊ မင်း
လမ်းတောင် မလျှောက်နိုင်ဘူး ""ဟိုနှစ်ကောင် ထမ်းခေါ်လာတာလား "
"ဟုတ်တယ် ရှင်း ၊ ဒါနဲ့ သားကို ကြည့်ရတာ
ဖြူဖတ် ဖြူလျော်နဲ့ နေမကောင်းဘူး ထင်တယ်""မဟုတ်ဘူး တီငယ် ၊ မနေ့က သောက်တာ များသွားလို့ရယ် "
"ဟုတ်လို့လား ရှင်းရယ်
ဒီနေ့အလုပ်နားလိုက်ပါလား ""မနားတော့ဘူး တီငယ် ၊ ရေချိုးလိုက်ရင်
ကောင်းသွားမှာ ""အင်းပါ ၊ အဆို ရေချိုးပြီးရင်
မနက်စာလာစား တီငယ် ပြင်ထားတယ်""ဟုတ် တီငယ် "
-------
"ရှင်း "
"အင်း တီငယ် ၊ ပြောစရာရှိလို့လား "
"ဒီနေ့က ..
"သားသိတယ် မေမေ ၆လပြည့် သွားပြီ
မေမေဆီ သွားရဦးမယ် ၊ လိုက်ခဲ့ပါလား တီငယ် ""တီငယ် ဆွမ်းသွားပို့်ရမှာ မလို့ ၊ မလိုက်တော့ပါဘူး ရှင်းရယ် "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...