"ဟူး အခုမှပဲ အသက်ရှူ ချောင်တယ်
လာ ကာရန် ကိုယ်တို့်လည်း ပြန်ရအောင် ""ဘယ်ပြန်မှာလဲ ၊ မပြန်ပါဘူး
စားစရာတွေ တစ်ခုမှ မစားရသေးဘူး
မှာထားတာတွေ နှမြောစရာကြီး ကျွန်တော်
စားဦးမှာ ခွန်း ""စားစေဗျာ "
"ခွန်း လူတိုင်းကို အားနာမနေနဲ့ ၊ ခွန်းက အားနာတတ်လွန်းတော့ ခက်တယ် "
"ဟုတ်ကဲ့ပါ ဆရာသမား ရယ်
နောက်ထပ် မဝသေးရင် ထပ်မှာနော် ""ဒါတွေ အရင်ကုန်အောင် စားဦးမယ် "
"ဖြေးဖြေးစား ကိုယ့်ဖေဖေဖုန်းလာလို့ ခဏထွက်ပြောမယ်နော် "
"Ok မကြာနဲ့နော် ခွန်း"
"Hey baby , ph no လေးပေးလို့ရလား "
ဒီကောင် မြင်ဖူးပါတယ် ဘယ်သူပါလိမ့်
အာ tourism ကျောင်းတုန်းက ကောင်ပဲ
နာမည်က အာ သိပြီ ဝဏ္ဏ ၊ အလဲ့ ငါ့ကို မမှတ်မိဘူးပဲ ၊ ကောင်းသားပဲ ငါလည်း ဒီပုံစံကြီးနဲ့ မနှုတ်ဆက်တော့ပါဘူး ၊ မသိသလိုပဲ ဟန်ဆောင်လိုက်တော့မယ်"ကိုယ်ပြောတာ ကြားလား baby ၊ ဖုန်းနံပါတ် လေးပေးပါလားလို့ "
လခွမ်း baby တဲ့ ၊ ဖွန်ကြောင်ချက်ကတော့
ကန်းကုန်ပဲ"Sorry တို့မှာ ချစ်သူရှိတယ် "
"ယောက်ကျား ရှိတာမှ မဟုတ်တာ ကို baby ကလည်း
"Baby မကြားသလို မလုပ်နဲ့ ၊ ကိုယ် ဖုန်းဆွဲ လုမှာနော် ""မူးနေရင် အေးဆေးနေပါ ၊ ပြဿနာ လာမရှာနဲ့ "
"ကိုယ်အကောင်းပြောနေတုန်း မပေးဘူးလား ၊
ရတယ် ကိုယ့်အဆိုးမဆိုနဲ့ ပေး .."အ လက်ကြမ်းကြီးနဲ့ အတင်းလာမဆွဲနဲ့
ဒုက္ခပဲ ခွန်းလာရင် ပြဿနာပဲ ၊ ပြောကာမှ ရောက်လာပြီ ၊ ဟိုသူတောင်းစား ကလည်း
လက်ကိုမလွှတ်သေးဘူး ၊ ထိုးခံရတော့မယ်"ခွပ်"
"ခွန်း တော်တော့ ခွန်း "
"မင်းဘာလုပ်တာလဲ ဟေ့ကောင် ၊ ဒါငါ့ကောင်မလေးကွ "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...