မေမေ သား ပန်းလာပို့တယ်နော်
ဒီနေ့ နည်းနည်း နောက်ကျသွားတယ်
ပြီးတော့ တီငယ်ကလည်း ဘုန်းကြီးကျောင်း
ဆွမ်းသွားပို့နေတယ်
မေမေ သားကို ထားခဲ့တာ ခုဆိုရင် ၅လပြည့်ပြီ
မေမေသိလား သားအရင်လို မဟုတ်တော့ဘူး
ခုဆိုရင် hotel ကြီးကို အုပ်ချုပ်နေတဲ့ CEO
တစ်ယောက်ဖြစ်နေပြီ မေမေသာ ရှိသေးရင်
ကောင်းမှာပဲ မေမေရယ် အရမ်း လွမ်းတယ်
တီငယ်က ပြောတယ် ကာရန်ကို ခွှင့်လွှတ် လိုက်တဲ့
သူတမင်လုပ်တာ မဟုတ်ဘူးလို့ ပြောတယ်
ဘယ်လိုပဲဖြစ်ဖြစ် သားခွှင့်မလွှတ်ဘူး
မေမေ သားမလွန်ဘူးမလား ၊ ကျွန်တော့ ဘဝထဲကနေ မေမေကို ဆွဲထုတ်သွားတာလေဗျာ
သား ခွှင့်မလွှတ်နိုင်ပါဘူး
မေမေချစ်သလို သားလည်း သူ့ကို ချစ်တယ်
ညီတစ်ယောက်လို မဟုတ်ပဲနဲ့ကို အရမ်းချစ်တယ်
ဒါပေမယ့် အရမ်းလည်း မုန်းတယ်----
"ကာရန် အရင် ဆေးရုံ မှာပဲ ပြန်သွားမှာလား "
"ဟင့်အင်း မသွားဘူး လပြည့် ၊ အဖြစ်အပျက်တွေက မနေ့က လိုပဲ ထင်နေတုန်းမို့ ၊ ငါအဲဒီဆေးရုံကို ထပ်သွားရင် ရူးသွားလိမ့်မယ် "
"အဲဆို ဘယ်သွားဖို့ စီစဉ်ထားလဲ "
"အင်း မသိဘူး "
"ခုချိန်ထိ မင်းအပြစ်ရှိသေးတယ်လို့ ခံယူထား
တုန်းလား""အင်း "
"မေ့လိုက်ပါတော့ ကာရန် ၊ ကိုရှင်း မင်းကို သူ
ခွှင့်လွှတ် မှာပါ ""အင်း ဟုတ်ပါစေလို့ မျှော်လင့်မိ "
"အဲတာ ဖြစ်ပြီးကတည်းက အဆက်အသွယ်
မရတော့ ဘူးမလား ""အင်း "
"ကိုရှင်းက ခုဆို CEO တောင် ဖြစ်နေပြီ
သူမင်းကို ခွှင့်လွှတ် လို့ ဘာမှမပြော ဘာမှမလုပ်တာ ၅လတောင်ရှိပြီလေ ကာရန်၊ အကြောင့်
မေ့ပြီး အရင်လို ငါ့ကို ဆဲဆိုပြီး ပျော်ပျော်နေပါ
ကာရန်ရာ "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...