❤Part 36❤

14.1K 832 41
                                    

"ဟေ့ ကာရန် စောကြီး ဘာလာလုပ်
ဘာလဲ ကိုရှင်း ခိုင်းပြန်ပြီလား "

"အင်း မဟုတ်ပါဘူး လပြည့်ရာ
ဒီနေ့ မင်းဂျူတီလား "

"ဟုတ်တယ် ခုနက ဘယ်သူလဲ "

"ဘာကိုလဲ "

"မင်းနဲ့ စကားပြောနေတဲ့ ကောင်မလေး ကိုမေးနေတာ သိရဲ့စမ်းနဲ့ လဒက "

"Aww တွေ့လိုက်တာလား "

"အင်း တွေ့တယ် ဘယ်သူလဲ "

"ကိုရှင်း ရည်းစား "

"ဘာ ကိုရှင်း ရည်းစား ဟုတ်လား "

"အင်း "

"ဘာတွေလာပြောတာလဲ မင်းကို "

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ "

"မင်းအမြဲအဲအတိုင်းပဲ ဘယ်တော့မှ မပြောပြဘူး "

"မဟုတ်ပါဘူး ကိုရှင်းကို တွေ့မိလား မေးတာ "

"ထားပါ မင်းအဆင်ပြေလား "

"အင်း အဆင်ပြေတာပေါ့
ကိုရှင်း ပျော်နေတာပဲကို "

"အင်းပါ
ကြေငြာဘုတ်မှာ စာကပ် သွားတယ် ထင်တယ်
သွားကြည့်ရအောင် ဘာတွေ ကြေညာထားပြန်ပြီလည်း မသိ "

"မနေ့က ငါ့ကို ခေါ်ပြောတဲ့ အကြောင်းနေမှာပေါ့ "

"အာ ဟုတ်သား အဲတာ မေးမလို့ပဲ
ကိုရှင်း မင်းကို ဘာလို့ခေါ်တာလဲ "

"သန့်ရှင်းရေး လုပ်စရာမလိုတော့ကြောင်း
ဆေးပြန်ကု လို့ရပြီ ဖြစ်ကြောင်း ခေါ်ပြောတာ "

"တကယ်ကြီး "

"အင်း "

"ဘာတွေ စိတ်ကူးပေါက်
ဘာလဲ မင်းဖွင့်ပြောလိုက်လို့လား "

"မသိဘူး သူမမှတ်မိဘူးတဲ့ ဘာမှမသိဘူးတဲ့ "

"မင်းနမ်းလိုက်လို့ထင်တယ် "

"ဘာဆိုင်လို့လဲ နမ်းတာ အိမ်မက်ထဲမှာကို
အရူးကောင်က တမှောက် "

"အား ဟုတ်သား မေ့သွားလို့ sorry "

"တစ်ခုပဲ ရှိတော့တယ်
ငါ့မှာ ရောဂါရှိတာ သိသွားလို့လား "

"မဖြစ်နိုင်ဘူး မင်းရောဂါ ရှိမှန်း ငါတို့ ပဲ သိတာ
ကျန်တာ ဘယ်သူက သွားပြောမှာလဲ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now