မေမေ့ကို ဘယ်လိုပြောရမလဲ တွေးရင်း
အိမ်တောင်ရောက် လာပြီ ၊ သေစမ်း ရှင်းဆက်
ဒီနေ့မှ မေမေ အစောကြီးပြန်ရောက်နေသေး
ချော့ပေတော့ ရှင်းဆက်ရေ" သား စောလှချည်လား ဒီနေ့ "
"ဟုတ်တယ် ဒီနေ့ သားတို့ welcome လေ အဲတာ ပျင်းလို့ စောစောပြန်လာတာ "
"ဟုတ်လား ဒါနဲ့ မေ့သားလေး ဘာဖြစ်လာတာ
မျက်နှာလေး ညိုးနေတာ ""မေမေ သားပြောစရာရှိတယ်
သားပြောရင် မေမေ စိတ်မဆိုးရဘူးနော် "" ဘာအမှားတွေလုပ်ထားတာ ပြောပါဦး "
"ဒီနေ့ သားကျောင်းမှာ ရန်ဖြစ်ခဲ့တယ် ပြီးတော့ ....@###@@## မေ သားကို စိတ်မဆိုးပါနဲ့နော်
သားဘာလုပ်ပေးရမလဲ မေမေ စိတ်မဆိုးအောင်
သားမနေတတ်လို့ပါ နော် နောက်တစ်ခါလည်း မဖြစ်စေရပါဘူး သားကတိပေးပါတယ် ""သားရယ် နားပြီးပြောပါကွယ် မေမေ အားလုံးသိပြီးပါပြီ သား တီငယ်လှမ်းပြောထားတာ ၊ နောက်တစ်ခါ မဖြစ်စေရဘူးနော်သား ၊ အဲ မိန်းကလေး ကို သွားတောင်းပန်လိုက်နော် "
"တောင်းပန်ပါ့မယ် မေမေ
သေချာပါတယ်နော် သားကို စိတ်မဆိုးတာ ""စိတ်ဆိုးချင်ပေမယ့် တစ်ခုမကျန် အကုန်ဝန်ခံတဲ့ မေ့သား လေးကြောင့် စိတ်မဆိုးနိုင်ပါဘူးကွယ်
ဒါပေမယ့် နောက်တစ်ခါတော့ မရဘူး နော် """စိတ်ချ မေမေ နောက်တစ်ခါ လုံးဝမဖြစ်စေရဘူး
အဲတာမှ မဟုတ်ဘူး မေမေစိတ်ဆင်းရဲစေမယ့် အရာမှန်သမျှ သားယောင်လို့တောင် မလုပ်ဘူး""ယုံပါတယ် သားရယ် ၊ သွားနားတော့ ပြီးရင် ရေချိုး မေမေ ထမင်းပြင်ထားမယ် "
"ok mom, love you mwa mwa "
..........Welcome ဆိုတာ ဘာမှန်းတောင် မသိလိုက်ဘူး
ကိုရှင်းရော အဆင်ပြေလား မသိဘူး ၊ ပြေမှာပါ ဘယ်မိဘကမှ ကိုယ့်သားသမီးကို နာအောင်
မလုပ်ပါဘူး စိတ်ပူမနေနဲ့ ကာရန်
သြော် ကျောင်းသွားလိုက် ပြန်လိုက် စာလုပ်လိုက် အလုပ်လုပ်လိုက်နဲ့ သံသရာလည်နေတာ ၊ ခု sec sem ဖြေပြီးလို့ နောက်တစ်နှစ်တက်ရင် ကိုရှင်းက ကျောင်းပြီးပြီပဲ မတွေ့ရတော့ဘူးပေါ့နော် ဒါပေမယ့် ကျေနပ်ပါတယ် အခုတစ်ဖြတ်မှာ သူနဲ့ တော်တော်လေး ရင်းနှီးပြီး အဆင်ပြေတယ် ၊ သူ့ဘက်က မသိပေမယ့်
ကျွန်တော့် ဘက်က ကျွန်တော့ ရင်ခုန်သံတွေကို ဒီတိုင်း သိမ်းထားမယ် ၊ ထပ်ပြီးတော့လည်း
ဆုံဖို့မသေချာတာမို့ ဒီတိုင်းပြီးသွားတာ
ကောင်းပါတယ် မဟုတ်ရင် ကျွန်တော်တောင် သေချာမသိတဲ့ ကျွန်တော့ ခံစားချက်တွေ
ပေါက်ထွက်လာမှာ စိုးမိတယ်
ကျေးဇူးတင်ပါတယ် ကိုရှင်း
ကိုရှင်းနဲ့ စတွေ့ကတည်းက ခုချိန်ထိ တွေ့ဆုံမှုက
အလွဲလွဲ အချော်ချော် တွေဆိုပေမယ့်
အဲအမှတ်တရ တွေကို ကျွန်တော် မမေ့နိုင်ပါဘူး
ကိုရှင်း ဘဝမှာအောင်မြင်ပါစေနော် ❤
.............
VOUS LISEZ
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Roman d'amourမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...