❤Part 45❤

14.1K 763 27
                                    

ဒီမနက်လည်း ကိုကို လာခေါ်မည် ဆို၍
ချစ်ရသူကို မျှော်နေမိသည် ။ အခုဆိုရင် ကိုကို နဲ့
ကျွန်တော်ဟာ အရင်လို မဟုတ်တော့ဘူး ၊ နှစ်ယောက်လုံးရဲ့ ခံစားချက်တွေ ဖွင့်ဟဝန်ခံပြီးသား ချစ်သူနှစ်ဦး ၊ ခုထိ အိမ်မက် လို့ထင်နေတုန်းပဲ ကိုကို

ကားရပ်သံကြားရတယ် ကိုကိုရောက်ပြီထင်တယ်
အပြင်ထွက်ကြည့်တော့ ဟုတ်ပါသည် ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ကိုကို
လူကြီးလူကောင်းဆန်ဆန် suit ဝတ်ထားပုံက
တကယ်ကို ကြည့်ကောင်းပါသည် ။ ချစ်လိုက်တာ
ကိုကိုရယ်

"ကိုကို ဘာလို့ဆင်းလာတာလည်း
ကျွန်တော် လာပြီကို "

စောစောစီးစီး ချစ်စရာအသံပိုင်ရှင်လေးရဲ့ ကိုကို ဆိုတဲ့ ခေါ်သံ ၊ နားဝင်ချိုလိုက်တာ baby ရာ
နှုတ်ခမ်းလေးက ခုထိ သွေးဆို့နေတုန်း

"အင်း ကိုယ် ကာရန် တိုက်ခန်း ထဲကို တစ်ခါမှမရောက်ဖူးလို့ ၊ ဝင်ကြည့်ချင်လို့ "

"ရှုပ်ပွနေတာ မဝင်နဲ့တော့
သပ်သပ်ရပ်ရပ်လေး ဖြစ်မှ ကိုကို့ကို ပြချင်တာ "

"ရှုပ်လည်းရပါတယ် ကိုကို အဆင်ပြေတယ် "

ကိုကို ဟု သူ့ကိုယ်သူ ပြောပြီး ခေါင်းကို ဖွနေသော သူ ၊ နားရွက် ဖျားလေးတွေလည်း နီရဲလို့
ကိုကို ခင်ဗျား ရှက်တဲ့ အချိန်ရော ရှိတယ်ပေါ့
ချစ်ဖို့ကောင်းလိုက်တာ ကိုကိုရာ

"ကိုကို ရှက်နေတာလား "

"အာ ဒီတိုင်း မပြောဖူးတော့ နည်းနည်း..

ခစ် ခစ်

"ကာရန် ကိုယ့်ကို ရယ်နေတာလား "

"မဟုတ်ပါဘူး ခစ် ခစ် "

"မဟုတ်ပါဘူး ပြောပြီး တခစ်ခစ် နဲ့ ရယ်နေတာ
ကိုယ်အဲလို ပြောလိုက်တာ အဲလောက်ရယ်ရတယ်ပေါ့ "

"ချစ်ဖို့ကောင်းလို့ ကျွန်တော့်ကိုကိုက
အရမ်းချစ်ဖို့ကောင်းလို့ "

"ဟုတ်လို့လား ကာရန် "

"တကယ် နောက်ခါ အဲလိုပဲပြော
ကျွန်တော် ကြိုက်တယ် "

"ဟုတ်ပါပြီ ခုက ဝင်ရမှာလား နောက်မှဝင်ရမှာလား "

"နောက်မှ ဝင်ပါ ၊ ခုက ဆေးရုံးပဲ သွားရအောင်
နောက်ကျနေပြီ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Wo Geschichten leben. Entdecke jetzt