တိတ်ဆိတ် ငြိမ်သက်နေသည် ။ ဘေးကိုကြည့်ကြည့်တော့ ကျွန်တော့်ကို မြင်တော့ လန့်ပြီး
ကိုယ်လေးကျုံ့ကာရပ်နေသော ပုံရိပ်လေးက
အသည်းယားဖွယ် အတိ။ ချစ်ဖို့ကောင်းလွန်းတယ်
မူးပြီး ကျွန်တော့်ကို နမ်းတဲ့ပုံစံလေး ပြန်မြင်မိသည် ။ ထပ်ပြီး ထိတွေ့ချင်စိတ်က ထိန်းမရ ။
တစ်ကိုယ်လုံး ပူထူလာတယ် ။ အဲတာပဲ ကာရန် ကိုယ်မင်းဘေးနား ကြာကြာမနေသင့်တဲ့
အကြောင်းပြချက်....ရုတ်တရက်ကြီး ကိုကို့ကို တွေ့ရတာကြောင့်
ရင်ခုန်နှုန်းတွေ မြန်လာသည် ။ ကာရန်
စိတ်ထိန်းစမ်း နှလုံးထဖောက်ပြီး သေတော့မှာပဲ ။
ဘယ်လိုလုပ်ရမလဲ? ? စကားအရင်စပြောလိုက်ရမလား ?? ပြန်မပြောရင် ဘယ်လိုလုပ်မလဲ
အား မသိဘူး ၊ ဒီတိုင်း ငြိမ်နေတာထက်ဆိုင်ရင်
ပြောလိုက်တာ ပိုကောင်းတယ် ။ စိတ်ကိုဆုံးဖြတ်ပြီး ကိုကို့ကို ကျွန်တော် အရင်စကား စပြောလိုက်တယ်"ကို ကိုရှင်း "
"အင်း "
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလာသူ ကလေးငယ်
မဟုတ်လည်း ကျွန်တော်အရင် စမေးမလို့ပါ
ကြည့်ရတာ မတွေ့ရတဲ့ ၃ရက်အတွင်း
ပိန်သွားသလိုပဲ ၊ နေရောကောင်းရဲ့လား ??"ဘယ် ဘယ်အလွှာ ကိုသွားမှာလဲ "
"မင်းနှိပ်ထားတဲ့ အလွှာပဲ "
"ဟုတ်
ကိုရှင်း နေမကောင်းလို့ ဆေးရုံကိုမလာတာလား ""တွေးစရာတွေ ရှိလို့ "
"Aww ဟုတ် "
"မင်းရော နေကောင်းရဲ့လား "
"ဟုတ် ဟုတ် ကျွန်တော်နေကောင်းပါတယ် "
"အင်း"
တွေ့ကတည်းက မနည်းထိန်းထားတဲ့ နှလုံးသား
အခု ကိုကို့ရဲ့ နေကောင်းလား အမေး အောက်မှာ
မြန်ဆန်လာသည် ။ အသက်ရှူကျပ်လို့ မောဟိုက်လာသည် ။ ရင်ဘက်ထက် လက်တို့ဖြင့် ဖိကပ်ထားလိုက်သည် ။ တော်သေးသည် ဓာတ်လှေကား တံခါးပွင့်သွားလို့ ကျွန်တော့်ပုံစံကို ကိုကို မမြင်ဘူး
ကိုကို့နောက် ဆက်လိုက်ဖို့လည်း ဒီပုံစံနဲ့ မဖြစ်နိုင် ၊
ဒါကြောင့်ဓာတ်လှေကားကို ပြန်ပိတ်ကာ
နားနေခန်းရှိရာ အလွှာ ၃ ကို ဦးတည်သည်။အလွှာ ၃ ရောက်တော့ နံရံ ကိုကိုင်ကာ ဖြေးဖြေး ချင်း လျှောက်လာခဲ့သည် ။
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...