ရင်ထဲ ပူထူသွားကာ ခန္ဓာကိုယ်သေးသေးလေးအား ကောက်ပွေ့လိုက်သည် ၊
ဘာမှစဉ်းစားမနေပဲ အခန်းအပြင်သို့
လျင်မြန်စွာ ပြေးထွက်ကာ ကားဆီသို့
ဦးတည်သည်။ ဆေးရုံ အမြန်ရောက်မှဖြစ်မယ်။"ဟာ ဟေ့ ရှင်းဆက် ..ဘယ်သွားဦးမလို့လဲ ..
"ဟုတ်ပါ့ မေးတာလည်း မကြားဘူး
ရူးများနေလားမသိဘူး ကာရန်ကို ချီပြီး ပတ်ပြေးနေတာလား ..."ဘာဖြစ်သွားပြန်လဲ မသိဘူး ၊ ကြည့်ရတာ
ကာရန်တစ်ခုခု ဖြစ်တယ်ထင်တယ် ""အင်း ဖြစ်နိုင်တယ် ၊ အဲကောင်မျက်နှာ
အရမ်းစိတ်ပူနေပုံပဲ ၊ ဒါများ ဖင်ယားနေသေးတယ်"ကြည့်ရသေးတာပေါ့ ရှင်းဆက်ရာ
နောက်ဆုံး မင်းအတ္တတွေ မင်းဒေါသ တွေပဲနိုင်မလား ၊ မင်းနှလုံးသားပဲ နိုင်မလားဆိုတာ--------
လူနာကြည့်ပြီး ခေတ္တနားမည်အပြု
ကာရန်ကို ပွေ့ပြီး ကမန်းကတန်း ပြေးလာသော
ကိုရှင်းကို မြင်တော့ စိတ်ပူသွားသည် ။"ကိုရှင်း ကိုရှင်း ဘာဖြစ်တာလဲ
ကာရန်ဘာဖြစ်တာလဲ ""မသိဘူး လပြည့် ၊ စကားပြောပြီး လဲကျသွားတာပဲ ၊ မြန်မြန် စမ်းသပ်ပေး "
"ဒီကုတင်ပေါ် တင်ခဲ့ပေး ၊ ပြီးရင်
ကိုရှင်း အပြင်က စောင့်ပေးပါ ""ကောင်းပြီ "
ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ ဂနာမငြိမ်
ဘယ်လိုဖြစ်သွားတာလဲ ကာရန်After a few minutes later,
" ကိုရှင်း"
"အင်း ပြောလပြည့် ၊ ကာရန် ဘာဖြစ်တာလဲ "
"စိတ်မပူပါနဲ့  သူ ဘာမှမဖြစ်ပါဘူး
ဒီတိုင်း အစာမရှိပဲ အရက်ပြင်းပြင်း သောက်တာကြောင့်ပါ ၊ ခဏနေ ပြန်သတိရလာမှာ ကိုရှင်း ""အင်း တော်သေးတာပေါ့ ဘာမှမဖြစ်လို့ "
"ဟုတ် ကိုရှင်း ပြန်ရင် ပြန်တော့လေ
ကာရန်ကို ကျွန်တော်ပဲ ကြည့်လိုက်တော့မယ် "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...