❤Part 22❤

13.5K 900 5
                                    

အဖြစ်​အပျက်​​တွေက မြန်​ဆန်​လွန်းတယ်
တစ်​ခဏအတွင်းကို ကျွန်​​တော့်​ ဘဝတစ်​ခု လုံး
စုတ်​ပျက်​သတ်​ သွားပြီ ၊ ကျွန်​​တော်​ သိပ်​ချစ်​ရတဲ့
သူ ၊ သူ့ရဲ့ ဘဝ ဖြစ်​တဲ့ သူ့အ​မေ၊ ကျွန်​​တော်​ရဲ့ အသုံးမကျမှု​ကြောင့်​ သူ့အ​မေ သူ့အ​မေ အသက်​ဆုံးရှုံးရပြီ ၊ ကံကြမ္မာ ရယ်​ ကျွန်​​တော့ကိုမှ ​ရွေးခဲ့တာလား ဗျာ ၊ ရက်​စက်​လိုက်​တာ

"အခုလို​တွေ ဖြစ်​ပျက်​သွားတာ ကျွန်​​တော်​ တို့ ဘက်​က လုံးဝ စိတ်​မ​ကောင်းပါဘူး ၊
လူနာက ဓာတ်​ကင်​တာ အားများပြီး နှလုံး​ ​လျှော့ ဖြစ်​ပြီး ​သေဆုံးသွားတာပါ
တမင်​ရည်​ရွယ်​ပြီး လုပ်​တာ မဟုတ်​​ပေမယ့်
ကျွန်​​တော်​တို့ဆရာဝန်​​တွေ ​ပေါ့ဆမှု​ကြောင့်
အခုလို ဖြစ်​ရတဲ့ အ​တွက်​ ဒီဘက်​က
ကျေနပ်​​အောင်​ ကျွန်​​တော်​တို့ လုပ်​​ပေးမှာပါ "

"ဆရာမကြီး တရားဥပ​ဒေ နဲ့ ဆက်​သွားပါ
ကျွန်​​တော့်​ ရဲ့ အသုံးမကျမှု​ကြောင့်​ပါ "

"တရားဥပ​ဒေ နဲ့ လုပ်​​လိုက်​တာနဲ့ပဲ မင်းအပြစ်​​ ​ကျေပြီ​ပေါ့ ဟုတ်​လား "

"ကိုရှင်းသ​ဘောပါ ကိုရှင်း ဘာလုပ်​လုပ်
ကျွန်​​တော်​ခံယူဖို့ အသင့်​ပါ "

အာလုံးထက်​ ကိုကို့ရဲ့ မုန်းတဲ့ အကြည့်​​တွေက
ကျွန်​​တော့ ရင်​ကိုပိုနာတယ်​ ကိုကို

"ရှင်း သား​လေး ၊ တီငယ်​ ​ဖြေရှင်းလိုက်​ပါ့မယ်​ "

"ရတယ်​ တီငယ်​ ၊ တီငယ်​ ဘာမှ​ဖြေရှင်း ​ပေးဖို့ မလိုဘူး ၊ ​မေ​မေ့ နာ​ရေးအတွက်​ပဲ တီငယ်
ဂရုစိုက်​​ပေး "

"သားရယ်​ "

"​ ဟုတ်​ကဲ့ ​ဆေးရုံအုပ်​ကြီး ၊ ကျွန်​​တော်
တရားဥပ​ဒေ နဲ့ မ​ဖြေရှင်းဘူး
မေ​မေ့ကို လည်း ကျွန်​​တော်​ ပြန်​​ခေါ်သွားမယ်
မေ​မေနဲ့ ဒီ​ဆေးရုံနဲ့ လည်း မဆိုင်​​တော့ ပါဘူး
ခွင့်​ပြုပါဦး ၊ လာခဲ့ တီငယ်​ ပြန်​မယ်​ "

"​မောင်​ရှင်းဆက်​ ​မောင်​ရှင်းဆက်​ ခဏ​နေပါဦး "

ကျွန်​​တော်​ သိပါတယ်​ ကိုကို ၊ တရားဥပ​ဒေ နဲ့ မဟုတ်​ပဲ တခြားနည်းနဲ့ ​ပေးဆပ်​ရမယ်​ ဆိုတာ
ကျွန်​​တော်​ သိတဲ့ ကိုကို က လွယ်​လွယ်​ နဲ့ မ​ကျေ​အေးတဲ့ လူမျိုး ဆိုတာ ၊ ဘာပဲဖြစ်​ဖြစ်​ပါ
ကိုကိုသာ ​ကျေနပ်​မယ်​ဆိုရင်
ကျွန်​​တော်​ ဘာဖြစ်​ဖြစ်​ ​ပေးဆပ်​ဖို့ အသင့်​ပါ

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Donde viven las historias. Descúbrelo ahora