မနက်စောစော ရုံးခန်းထဲ ဝင်တော့ မမြင်ချင်ဆုံး
မျက်နှာက အစောကြီး ရောက်နေတာပဲ
စိတ်တွေလေတယ်"ဟော ထင်သားပဲ ကိုကို စောစောလာမယ်ဆိုတာ
ဝတ်ရည်လည်း စောလာလိုက်တာ မှန်သွားတယ် ""အင်း ဘာကိစ္စရှိလို့လဲ ဝတ်ရည် "
"ကိစ္စ ရှိမှလာရမှာလား ကိုကို့ဆီ "
"ကျွန်တော့်ကို ကိုကို လို့မခေါ်ဖို့ ပြောထားတယ်နော် ဝတ်ရည် "
ကိုကို ကိုကို နဲ့ နားကြားပြင်းကပ်လာပြီ
"ကိစ္စမရှိရင် ပြန်ပါ ဝတ်ရည်
ကျွန်တော် အလုပ်တွေရှိသေးတယ် ""လုပ်လေ တို့က ဘေးနားမှာပဲ ငြိမ်ငြိမ်လေး နေမှာ
မနှောက်ယှက်ဘူး ""မင်းရှိနေရင်ကို ကျွန်တော် အနှောက်အယှက် ဖြစ်လို့ "
"Oh အဲလောက်တောင်လား ကိုကို
But sorry koko တို့ မသွားနိုင်ဘူး""ဘာလဲ ခင်ဗျား ပိုက်ဆံလိုလို့ ခုလို လာကပ်နေတာလား "
"မဟုတ်တာ တို့မှာ အပေါဆုံးက ငွေပဲ "
"အဆို ဘာလို့လဲ ဘာလို့ခုမှ ပြန်ပေါ်လာတာလည်း "
"အဲတာ you ကြောင့်လေ ၊ ဒီ ၆နှစ်လုံး ယူ့ နေရာအတည်တကျ ရှိလို့လား ၊ ဟိုသွားဒီသွားနဲ့
ရှာရတာ မောနေတာပဲ ၊ ခုမှပဲ သေချာပြီဆိုမှ ယူ့နားလာခဲ့တာ ""....."
"ထပ်ပြီး နှင်ထုတ်ဖို့ မကြိုးစားနဲ့
မရရအောင်ယူမှာမလို့ ရှင်းတယ်နော် ကိုကို ""မိန်းကလေး မို့ အလျော့ပေးမယ် မထင်နဲ့နော်
ဝတ်ရည် ""တို့ကလည်း အလျော့မပေးခိုင်းပါဘူး
အဲလိုခက်ခက်ခဲခဲ ပိုင်ရတာကို ပိုကြိုက်တာ ""မင်းအရင်က အဲလိုမဟုတ်ပါဘူး
အရမ်းကို အိနြေ္ဒကြီးခဲ့တာပါ ""ယူ့ရဲ့ အသုံးချမှုကြောင့် changing ဖြစ်သွားတယ် ဆိုပါတော့ "
"....."
"မှတ်ထားပါနော် ကိုကို ၊ တို့မပိုင်ရရင် ဘယ်သူမှ
မပိုင်ရဘူး ဆိုတာ ""ကြောက်စရာကောင်းတဲ့ မိန်းမပဲ
ဒါများ ဇေယျ ဘာတွေ သည်းသည်းလှုပ် "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...