ရုပ်လေးနဲ့မလိုက် စွာစိကို လန်နေတာပဲ လူက ပုပုသေးသေး ပိန်ပိန်နဲ့ ကိုင်ပေါက်လိုက်ရင် တစ်စစီ ပြုတ်ထွက် ဦးမယ် မုန့်ဟင်းခါး သုံးပန်ကန်လောက်စားပြီး လျှက်စား စားတယ် သူ့သူငယ်ချင်းပြောသလို တကယ့် ချီးဦးနှောက် မသေတာကံကောင်း တကယ့် လူဂွစာ လေးပဲ ဟဟ
"အမယ် တစ်ယောက်တည်း ဘာတွေတွေးပြီး ပြုံးနေတာလဲ ကောင်းမလေးတွေ ဘာတွေများရနေပြီလား သား"
"မဟုတ်ပါဘူး ချစ် mommy ရယ် ကျောင်းက fresher လေးတွေပါ ရယ်ရလို့ "
"ဟုတ်ပါပြီရှင် ရည်းစား တွေရရင်လည်း ဒီmommy ကို မေ့နေဦးမယ်"
"မမ သားလားရည်းစားရမှာ တစ်ကျောင်းလုံးပတ်မွေလို့ ဝပြီလား အရင်မေးပါနော် ဒီအဒေါ် လိုက်ရှင်းနေရတာ "
"တီငယ် တော့ လုပ်ပြီ သား
ဘာလုပ်လို့လဲနော် မွေရုံလေး မွေတာ ရည်စားမရှုပ် ဆေးလိပ်မသောက် အရက်မသောက် ဘယ်လောက်လိမ္မာတုန်း ဒီလို သားမျိုးလေး ရှာကြည့်ပါနော် ""ဟုတ်တာပေါ့ မေ့သားလေး အကြောင့် ချစ်တာ"
"ပိုပြီ ပိုပြီ "
"တီငယ်ကိုလည်း အရမ်းချစ်ပါတယ်နော် မွမွ "
အပေါင်းအသင်း မက်ပြီး မွေတာလေးကလွဲလို့ သားလေးက အရမ်းလိမ္မာတာ အရက်မသောက် ဆေးလိပ်မသောက် မူးယစ်ကင်း မိန်းမမရှုပ် အဲကိစ္စတွေတော့ အကုန်စိတ်ချရတယ် အဖေမရှိကတည်းက အလိုလိုက်ထားတော့ အဲသလောက်ဆိုးတာလေးတော့ မဖြစ်စလောက် လေးပေါ့ သားရှေ့ရေးအတွက်တော့ စိတ်ချရတဲ့ စီးပွားရေး လည်း ရှိပြီ သားလေး ကျောင်းပြီးရင် ပျော်ရွှင်တဲ့ မိသားစုလေး ဖန်တီးဖို့ပဲ လိုတော့တယ်
ကျေးဇူးတင်ပါတယ် ကိုရယ် မေ့ကို ကိုနဲ့ တူတဲ့ သားလေးပေးခဲ့လို့
........."ဟဲလို ကာရန် ပြော "
"လပြည့် မနက်ဖြန် ငါတစ်ရက်နားမယ်ကွာ ပင်ပန်းမှာဆိုးလို့  ကျောင်းမလိုက်တော့ဘူး "
ESTÁS LEYENDO
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...