ကိုကို ဟုခေါ်ကာ ပြေးလာကာ ကျွန်တော့်ခါးကို ဖတ်ထားသည့် ဝတ်ရည်ဆိုသည့် မိန်းကလေး
ရုတ်တရက်မို့ ကျွန်တော် ကြောင်သွားသည်။
အရှေ့ကို ကြည့်မိတော့ ကျွန်တော်တို့
နှစ်ယောက် ကိုအံ့သြစွာ ကြည့်နေသော ကာရန်
ဟုတ်တယ် ဒါအခွင့်အရေးပဲ ။ ကာရန် ကျွန်တော့်
ကိုမေ့နိုင်အောင်လုပ်လို့ရတဲ့ အခွင့်အရေး
ဒါကြောင့်မို့ ကျွန်တော်လည်း သူမ ခါးကို ပြန်ဖတ်ထားလိုက်သည် ။ ပြီးတော့ နှုတ်က"Sorry baby "
ကိုကိုတဲ့လား ! ရှေ့မှ မြင်ကွင်းကို ဆက်ကြည့်ဖို့
အားမရှိတော့သည်မို့ လှည့်ထွက်လာခဲ့သည်။
ရက်စက်လိုက်တာ ကိုကိုရယ်....ကျွီ ဝုန်း..
တံခါးကို ပိတ်ခဲ့တော့ ရှေ့မှာ ခွန်းရှိနေသည်။ ကျွန်တော့် မျက်ရည်တွေ မမြင်စေချင်လို့
ပြေးထွက်သွားမိသည်။"ကာရန် ! ကာရန်
စိတ် အရမ်းတိုသွားသည် ။ ကာရန်နောက် မလိုက်သွားပဲ အခန်းထဲသို့ ဝင်လိုက်သည် ။
မြင်လိုက်ရတဲ့ မြင်ကွင်းက ရှင်းဆက် ကောင်မလေး တစ်ယောက်နှင့် ပွေ့ဖက်ထားသည်"အဲတာဘာသဘောလဲ ရှင်းဆက်
ကာရန်ကို မင်းတို့နှစ်ယောက် ပွေ့ဖက်နေတာကို
ခေါ်ပြတာလား "ခွန်းစစ်ဝင်လာမှ ထိုမိန်းကလေးကို ဖယ်ကာ
"အဲဒီတော့ "
"ဘာ! မင်းလူမဟုတ်ဘူးလား ဟမ် "
"မင်းနဲ့စကား တစ်ခွန်းမှ ပြောစရာမရှိတာမလို့
ထွက်သွားပေးပါ ဒေါက်တာ ခွန်းစစ်""မင်းမနှင်လည်း သွားမှာ ရွံလွန်းလို့
ဖြီ.. တောက်!ကျွီ ဝုန်း...
"ကိုကို ဘာတွေဖြစ်နေတာလဲ "
ထိုဝတ်ရည် ဆိုသော မိန်းကလေး ကို ခုမှသေချာကြည့်မိသည် ။ ကျောင်းတုန်းက
ဇေယျ ကြိုက်တဲ့ ကောင်မလေး ၊ ခုမှ ဘယ်ကပေါ်လာတာတုန်း ၊ ဟိုတစ်ခါ ပြဿနာ
တွေဖြစ်ပြီးကတည်းက ပျောက်သွားတာ
တောင်းပန်ဖို့သွားတာတောင် မတွေ့လိုက်ရဘူး"ကိုကို ဘာတွေဖြစ်နေတာလဲလို့
ဝတ်ရည် ကိုရော မှတ်မိရဲ့လား "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...