ကိုကိုကခေါ်တယ်ဆိုလို့ လာရင်းနဲ့
ကိုကို့ရုံးခန်းရှေ့ရောက်တော့ ခြေလှမ်းတွေရပ်သွားသည် ။ ဆက်ဝင်ဖို့ သတ္တိတွေ ဘယ်လိုထုတ်ရပါ့"ညီလေး ဝင်လေ ဘာလို့ရပ်နေတာလည်း "
"ဟုတ် ဝင်မှာပါ အကို "
ကာရန် စိတ်ကိုအဆုံးထိလျော့ထား ၊ ပြီးရင် ဝင်တော့
"ကျွန်တော် ဝင်လာပြီနော် ကိုရှင်း "
ကျွန်တော်ဝင်လာတော့ ကိုကိုစာရင်းတွေ လုပ်နေဟန် ၊ ဒါကြောင့် ကိုကို့စားပွဲနား ရပ်ကာ
ကိုကို့ကိုငေးမိသည် ။ ခန့်ညားလွန်းတဲ့ ကိုကို"ကိုယ်အဲလောက် ကြည့်ကောင်းလား ကာရန် "
"ဟို ဟို
"သွား sofa ပေါ်သွားထိုင်နေ ကိုယ်ပြောစရာရှိတယ် "
"ဟုတ် "
ခဏကြာတော့ ကိုကိုလည်း စားပွဲကနေထကာ
ကျွန်တော့်ဘေးနား ဝင်ထိုင်သည် ။"....."
"ကာရန် အလုပ်နားပြီး ဆေးကုသမှု ခံယူတော့ "
"ဗျာ ကိုရှင်းကလည်း ကျွန်တော် နေကောင်းတယ်လေ "
"အလုပ်လုပ်တာတွေများနေပြီ ကာရန် "
"...."
"ကိုယ်အခန်းတောင် ပြင်ပြီးသွားပြီ "
"အခန်းပြင်ပြီးပြီ "
"ဟုတ်တယ် မနေ့ကကတည်းက ကိုယ်အတွင်းရေးမှူးကို လုပ်ခိုင်းထားတာ "
"အလှူရှင်လည်း မရသေးဘူးလေ ကိုရှင်း အဲချိန်အထိတော့ ကျွန်တော်ဆေးကုချင်သေးတယ် "
"နှလုံးအစားထိုးပြီးမှ ပြန်ကုခွင့်ပေးမယ် "
"ကိုရှင်း "
"ကိုယ့်အမိန့်ပဲ ဘာမှထပ်မပြောနဲ့တော့
မနက်ဖြန်ကစပြီး ကာရန်က ဒီဆေးရုံရဲ့
အရေးကြီးဆုံး လူနာပဲ ""....."
"ကြားလား "
"ကိုရှင်းသဘောပါ "
"ပြီးတော့ နောက်တစ်ခါ တစ်ယောက်တည်းကြိတ်ပြီး မခံစားပါနဲ့ "
"ဘာကို
"အခု နှလုံးရောဂါ လိုမျိုးပြောတာ
တစ်ယောက်တည်းမခံစားပါနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...