ထူးဆန်းတယ်နော် ကျွန်တော် ရင်ခုန်တဲ့
ကောင်မလေး ကာရန် တဲ့ ၊ အဲမျက်ဝန်း လေးတွေ ကိုရင်းနှီးပေမယ့် ကာရန်မှန်း တကယ် မသိဘူး
တကယ်ချစ်စရာကောင်းတယ် ၊ ရှက်နေတာလေးရော ၊ အဲဆို သူကတော့ ကျွန်တော်မှန်း သိမှာပေါ့ အကြောင့် အတင်းပြေးသွားတာ နေမှာ ၊ အသံတောင် လုပ်ပြော သွားသေးတာ တကယ့်ကလေး
ဘယ်လိုပဲဖြစ်ဖြစ် အဲခဏတာလေးမှာ ကျွန်တော် တကယ် ရင်ခုန် သွားတာ"ရှင်းဆက် အဲလောက်ကြီးတွေးပြီး ပြုံးမနေနဲ့ ကြည့်ရတာ ကျက်သရေ မရှိဘူး ၊ ရော့ နှင်းဆီပန်း ဘယ်မှာမှ မတွေ့လို့ ဥယျာဉ် ထဲက ချိုးလာတာ လတ်လတ်ဆတ်ဆတ် ပဲ ဆရာမကြီး ဆူရင်တော့ မင်းပဲ"
........."Now next plan is gay show .........
"အခုစလျှောက်မှာကတော့ con no 1
မဝေယံလင်း ဖြစ်ပါတယ် ခင်ဗျာ..............
............. နောက်ထပ်ကတော့ no 5 မ လပြည့်ချို ဖြစ်ပါတယ် ခင်ဗျာ ............ ဟုတ်ကဲ့ပါ ခင်ဗျာ နံပါတ် လေးတွေကို သေချာမှတ်ထားပါနော်
ခဏနေ မဲပေးပြီး gay queen ရွေးဦးမှာပါနော်
ခုဆက်လက်လျှောက်မဲ့သူကတော့ no 6
မကာရန်ကဗျာ ဖြစ်ပါတယ် ခင်ဗျာ .......""- Wow amazing လှလိုက်တာ အဲတာကောင်လေးလား လှချက်ကွာ
- ဟုတ်တယ် လှလိုက်တာကွာ မိန်းကလေး သာဆိုရင် လိုက်ပြီပဲ
- နာမည်လေးရောပဲ လှချက်
- တို့တော့ no 6 လေးရွေးလိုက်ပြီ
-.......ရှက်လို့ မတွေ့ချင်ပါဘူးဆို ရှေ့ဆုံးကနေ လာကြည့် နေတယ် ကိုရှင်းဆက် ၊ ပြီးတော့ ကြည့်နေတဲ့ပုံကလည်း ထပြီး ဝါးစားတော့မယ့်
အတိုင်းပဲ ရှက်လိုက်တာ ရင်တွေခုန်တယ်ဟုတ်ပါတယ် သူတို့အကုန်လုံး ပြောသလို
ဒီကလေး တကယ် ချစ်စရာကောင်းတယ်
ကျွန်တော်တောင် လွဲသွားသေးတာပဲ ခုလည်း ကြည့်ပါဦး ပြုံးနေတာပဲ သွားတက်ကလေးနဲ့
မျက်လုံးချိုချို လေးတွေ အား ရင်တွေခုန်တယ်
أنت تقرأ
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
عاطفيةမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...