ထိုအသံကြားသည်နှင့် ရင်ထဲ ထိတ်ခနဲ့
"ဟုတ် ဟုတ် ကိုရှင်း ထိုင်လို့ရပါတယ် "
"ညီ ရှင်းဆက် တစ်ယောက်တည်း မဟုတ်ဘူးနော်
ကိုတို့လည်း ပါပါတယ် နော် ""အကိုတို့ကလည်း ကျွန်တော့် သူငယ်ချင်း က ကိုရှင်းဆက်ကိုပဲ မြင်လို့နေမှာပေါ့ "
"လပြည့် မင်း အသက်ရှင်ချင်သေးရင် အပေါက်ပိတ်"
"မဟုတ်ပါဘူးဗျာ အကိုတို့်ကလည်း အတူတူပဲကို ထိုင်ကြပါ ထိုင်ကြပါ "
"ဟုတ်လို့လား ညီရာ "
"နေခ မင်းထိုင်မှာလား မထိုင်ဘူးလား
အာရုံနောက်လာပြီနော် ""ထိုင်မှာပါ ထိုင်မှာပါ
အမယ်လေး ကြောက်စရာကြီး ပါလား နော်
ဒါနဲ့ ကာရန် မင်းရှက်နေသလိုပဲ ??"မ မဟုတ်ပါဘူး ကိုနေခရာ"
မြန်မြန်ပြီးစမ်း ဒီအချိန် ကြာရင် နှလုံး ရောဂါရတော့မယ်
"ကာရန် "
"ကာရန် "
"ဗျာ"
"ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်နေတာ နှစ်ခါတောင်ရှိပြီ "
"Sorry ကိုရှင်း ကျွန်တော်မကြားလိုက်လို့ "
"အား မေ့နေတာပဲ ကိုနေခ ကိုလင်းလက်
ကျွန်တော်ပြစရာ ရှိတယ် အကိုတို့ နှစ်ယောက် ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပေး ""ဟုတ်လား သွားမယ်လေ အကိုလည်း ဒီနားနေရတာ အသည်းတွေယားလာသလိုပဲ
မင်းရော ယားလား နေခ ""တူတူပဲ ယားတယ် "
သုံးယောက်သား ထပြီးသွားမည်အပြု ကာရန် လပြည့်လက်ကိုဆွဲလိုက်သည်။ဒီကောင့် အကြံမသိရင်ခက်မယ်။
"ဘယ်သွားမလို့လဲ ငါလည်းလိုက်မယ် "
"မလိုက်ရပါဘူး မင်းလိုက်ရင် ကိုရှင်း
တစ်ယောက်တည်း ဖြစ်နေမှာပေါ့ "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...