အော် ကာရန် ကာရန် မဆီမဆိုင် ဒဏ်ရာကလည်း ရသေး ရုံးခန်းလည်း ရောက်သေး ၊ ကိုယ့် major
Welcome တောင် မပျော်ရတဲ့အဖြစ် ဟူး"ပေး လက် အများကြီး ပေါက်သွားတာပဲ "
ဟာ ဘယ်လိုဖြစ်လို့ လက်အတင်းလာဆွဲနေတာတုန်း နှစ်ယောက် တည်း ရှိတယ်မှတ်နေလား မသိဘူး ရုံးခန်းထဲမှာကို ဆရာမကြီး လည်းရှိနေတာကို ရှက်လိုက်တာ
"ရှင်းဆက် အဲတာဘာလုပ်နေတာလဲ
ဖြစ်တဲ့ပြဿနာ ကို အရင် လာပြော ""တီငယ် သူ့ကို အရင် ဆေးထည့်ပေး သူနဲ့ ဘာမှ မဆိုင်ဘူး သူက ဝင်ဆွဲရင်း ဒဏ်ရာ ရတာ သူ့ကို ဆေးထည့်ပေး ပြီး ပြန်လွှတ်ပေး "
"ဟိုးနားက ကလေး လာခဲ့ ၊ ရော့ ဆေးသေတ္တာ သူ့ကို ဆေးထည့်ပေးလိုက် ၊ ရှင်းဆက်
မင်းသူ့လက်ကို လွှတ်ပြီး ဒီနားလာ ပြဿနာ လာရှင်း ""ဟေ့ လပြည့် လာခဲ့ မင်းထည့်ပေးလိုက် "
"ဟုတ် ဟုတ် ကိုရှင်း "
ဒုက္ခပဲ ဘယ်သူထည့်ပေးပေး အတူတူပဲကို ဘယ်လိုတွေဖြစ်နေတာ လဲ မသိဘူး စိတ်တွေလည်း လေတယ်
"အာ လပြည့် ဖြေးဖြေး လုပ် နာတယ်ဟ "
"ဖြေးဖြေး လုပ်နေတာပဲ ကောင်စုတ်ရဲ့ အအေးလေးတစ်ခါ ဝယ်ခိုင်းလိုက်ပါတယ် ရုံခန်းတောင်ရောက်တယ် ခုတော့ အအေးလည်း ငတ်ပြီ "
"ဟို ဒဏ်ရာ ရတဲ့ ကလေး လာခဲ့ "
"ဟုတ် ဟုတ် ဆရာမကြီး "
"ပြဿနာ အစအဆုံး မင်းသိတယ် မလား ၊ တစ်ခုမှမလိမ်ပဲ ပြန်ပြော"
"တီငယ် သူနဲ့ ဘာမှမဆိုင်ပါဘူးဆို "
"ပါးစပ်ပိတ်ထား ရှင်းဆက် "
"ဟုတ် ဟုတ် ဆရာမကြီး ဒီလိုပါ .....@##@##@#....."
"မင်းက လည်း ဒေါသမထိန်းပဲ ထိုးတယ် ၊
မင်းကလည်း တမင်ရုံးခန်းရောက်ချင်လို့ အထိုးခံတယ် ဘာရန်ငြိုး ဘာပြဿနာ တွေ ရှိကြလို့လဲ ဟမ် "
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...