ဘာလို့ အဲလောက် ပျော့ညံ့နေရတာလဲ
အရင်က သွက်လက်ပြီး ပျော်ပျော် နေတဲ့ ငါ
ဘယ်ရောက် သွားတာလဲ ၊ အထူးသဖြင့်
ကိုကို့ရှေ့မှာ ဘာလို့ ပျော့ညံ့ နေရတာလဲ
ဘာမှမဟုတ်လဲ မျက်ရည်ကကျပီ"မင်း မပင်ပန်းဘူးလာ ကာရန် "
ထင်တာ မှန်နေတာပဲ ကာရန် ၊ မင်း ငိုနေပြန်ပြီ
"လပြည့် !
"ဘာလို့ငိုနေပြန်တာလဲ ၊ ကိုရှင်း ဘာလုပ်လိုက်ပြန်ပြီ လဲ "
"ဘာမှမဖြစ်ဘူး ဒီတိုင်း ဝမ်းနည်းလို့ပါ ၊ ခွန်းရော"
"လူနာအရေးကြီးလို့ သွားတယ် "
"ဟုတ်လား ဆေးထည့်ပေးပြီးပြီလား "
"ပြီးပြီ သူများကို ပူမနေနဲ့ ကာရန်၊ကိုယ့်ကိုယ်ကို လည်း ပြန်ကြည့်ဦး မျက်နှာလည်း စုတ်ပျက်နေပြီ
ဖူးယောင် နေတာပဲ ၊ ကိုရှင်း ထိုးတာဆို ""အင်း "
"ကာရန် မေးစရာရှိတယ် "
"အင်း ပြောလေ လပြည့် "
"ခွန်း အပေါ် ဘယ်လိုမြင်လဲ "
"ငါ့ကို ရုတ်တရက် ကြီး ဘာတွေမေး လပြည့် "
"ဖြေမှာသာ ဖြေစမ်းပါ ကာရန်ရာ "
လူနာအပြေးအလွှား ကြည့်နေရပေမယ့် စိတ်က
ဟိုကောင်နောက် လိုက်သွားတဲ့ မင်းဆီမှာပါ ကာရန် ၊ ခုလည်း မင်းကို တွေ့ချင်စောနဲ့ လာတော့
လပြည့်မေးတဲ့ မေးခွန်းကြောင့် ချက်ချင်း
မဝင်နိုင်ပဲ မင်းအဖြေကို စောင့်နေမိတယ် ကာရန်
ကိုယ့်ရင်တွေ ခုန်တယ်"အင်း ငါ့အတွက်တော့ ခွန်းက အရေးကြီးတဲ့ လူတစ်ယောက်ပါ ၊ ငါ့ အကိုလိုပဲ
ပြီးတော့ သူငယ်ချင်း လို ""ဒါပဲလား ကာရန် "
"အင်း ဒါပဲ "
"ဒီထက် မပိုဘူးပေါ့ "
"အင်း ဘာလို့လဲ "
"အဆိုရင် မင်းချစ်တဲ့သူ ရှိလား "
أنت تقرأ
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
عاطفيةမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...