"စာမေးပွဲပြီးပြီ !!!"
ကျောင်းထဲကထွက်လာကတည်းကအော်ဟစ်ပျော်မြူးပြီးတော့ထွက်လာကြသည် ။ သီတင်းကျွတ်ဆယ်ရက်ပိတ်တော့အကုန်လုံးပျော်မြူးနေကြသည် ။ တံခွန်သစ်ကလေးကကားပေါ်ကိုအရင်ရောက်နှင့်နေသည် ။ နွေကဗျာနဲ့ဘယ်တုန်းကဘယ်လိုရင်းနှီးသွားသလဲမသိ ။ နှစ်ယောက်သားတိုးတိုး တိုးတိုးနဲ့သူကားပေါ်တက်လာတာကိုကြည့်ပြီးပြောနေသည် ။ နွေကဗျာဘာတွေပြောနေလဲမသိ ခွန်လေးကတခစ်ခစ်နဲ့ရယ်နေသည် ။
"ဟဲ့ နင့်နေရာနင်သွားတော့"
"အင်းပါ သွားမှာပါ"
ခွန်လေးဘေးတွင်သူဝင်ထိုင်လိုက်သည် ။ ခွန်လေးကသူ့ကိုကြည့်ပြီးတခစ်ခစ်နဲ့ရယ်နေသည် ။
"ဘာတွေရယ်နေတာလဲခွန်လေး"
"ခစ်ခစ် ကိုကိုက ဟိုးတစ်နေ့က သားပျောက်လို့လိုက်ရှာနေတယ်ဆို ၊ ကလေးအဖေကြီးကျနေတာပဲတဲ့ ခစ်ခစ် ၊ သားကိုပါပါးကပြန်ပေးဆွဲတာလည်းမဟုတ်ပါဘူးဗျ"
တော်တော်ကောင်းကျိုးမပေးတဲ့ညီမလေး ။ ရှိသမျှအကုန်ဖော်နေတော့တာပဲ ။ သူအရမ်းရှက်လို့မျက်နှာဘယ်နားသွားထားရမှန်းတောင်မသိဘူး ။ အသားကဖြူတော့ မျက်နှာကခရမ်းချဥ်သီးလိုနီရဲတက်လာတယ် ။
"ဟားဟား ကိုကိုကရှက်နေတယ် ၊ မရှက်ပါနဲ့ ကိုကိုကမသိလို့ပြောမိလိုက်တာပဲကို"
"အင်းပါ အဲ့အကြောင်းကြီးမပြောပါနဲ့တော့လားခွန်လေးရယ် ၊ အဲ့နေ့ကလည်းတစ်ကားလုံးရှေ့မှာကိုကိုအရှက်ကွဲပြီးပြီ"
"ဟုတ်ဟုတ် မပြောတော့ပါဘူး ခစ်ခစ်"
သူအရမ်းရှက်နေလို့ တစ်လမ်းလုံးဘာစကားမှတောင်မပြောနိုင်ဘူး ။ ခွန်လေးကတော့ သူပုံမှန်သောက်နေကျမိုင်လိုလေးကိုသောက်ရင်း အပြင်ဘက်ကိုငေးကြည့်နေသည် ။ သူသိချင်နေတဲ့အကြောင်းတစ်ခုကို အားတင်းကာသူမေးလိုက်သည် ။
"ခွန်လေး အိမ်ပြောင်းသွားတာလား"
"ဟုတ်တယ် ၊ ပါပါးနဲ့အတူတူနေတာ"
YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020