"ပါပါး သားဒီသတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပါပါးဆီမှာလာနေချင်တယ်"
"ရတာပေါ့သားရဲ့ ၊ စာမေးပွဲကိုကောင်းကောင်းဖြေ ၊ စာမေးပွဲနောက်ဆုံးနေ့ရောက်ရင် သားကိုပါပါးလာကြိုမယ်"
ပါပါးဆီကဒီလိုကြားရတာနဲ့ မျက်လုံးလေးတွေကဘလင်းဘလင်းဖြစ်သွားပြီး ကျက်ထားတဲ့စာတွေတောင်ပြန်နွေးစရာမလိုတော့ဘဲ အလိုလိုပြန်မတ်မိလာသည် ။ ပါပါးနဲ့ကျောင်းရှေ့မှာတွေ့ရတာက ထုံးစံတစ်ခုပင် ။ တစ်ပတ်မှာနှစ်ရက်ပဲတွေ့ရတာကိုအားမရလို့ ကျောင်းရှေ့မှာလာလာတွေ့နေရသည် ။ သားငယ်လေးပေးတဲ့အနမ်းတစ်ပွင့်လေးကလည်းအားဆေးတစ်လုံးနဲ့ညီမျှနေပြန်သည် ။
"မေးခွန်းတွေကိုအခက်အခဲမရှိဖြေဆိုနိုင်ပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေပါပါး ၊ အာဘွား တာ့တာ"
ပါပါးကိုအာဘွားပေးပြီးကျောင်းထဲပြေးဝင်လာသည် ။ ကျောင်းဆောင်ထဲကိုဝင်ခါနီးမှာ တစ်စုံတစ်ယောက်နဲ့တိုက်မိပြီး ကိုင်လာတဲ့ကော်ဖီခွက်ထဲကကော်ဖီတွေက တံခွန်သစ်လက်ပေါ်ကိုမှောက်ကျကုန်သည် ။ အခုမှဖျော်လာတဲ့ကော်ဖီဆိုတော့အရမ်းပူလွန်းလို့လဲကျသွားတဲ့နေရာမှာတင် တံခွန်သစ်လေးတရှုံ့ရှုံ့နဲ့ငိုနေသည် ။
"ခွန်လေး ခွန်လေး ဆောရီးပါကွာ ကိုကိုမမြင်လိုက်ဘူး ၊ အရမ်းပူနေပြီလား ၊ လာ လာ ဆရာမဆီသွားရအောင်"
တံခွန်သစ်ရဲ့လွယ်အိတ်ကလေးကိုပြောင်းယူလွယ်လိုက်တဲ့ သျှားခွန်းသ ။ သူအလောတကြီးနဲ့လာရာကကွေ့လာတဲ့ကောင်လေးတစ်ယောက်နဲ့သူတိုက်မိတယ် ။ ကြည့်လိုက်တော့ တံခွန်သစ်ဆိုတဲ့ကောင်လေး ။ ခွန်လေးကိုမမြင်မိဘဲ ဝင်တိုက်လိုက်တော့ ကော်ဖီတွေဘောင်ဘင်ခတ်ပြီး ခွန်လေးလက်ပေါ်ကိုဖိတ်ကျကုန်သည် ။ အခုမှဖျော်လာတဲ့ကော်ဖီမို့လို့ ဘယ်လောက်တောင်ပူလိုက်မလဲဆိုတာ သူခံစားမိသည် ။
"ပူတယ် အီးဟီး သားစာမေးပွဲဖြေရမှာ အီးဟီး"
"အင်းပါခွန်လေးရယ် ၊ ဆရာမကဆေးလိမ်းပေးမှာပါ"

YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020