"ဒါကဘယ်လဲ"
လွယ်အိတ်ကလေးလွယ်ပြီးအခန်းထဲမှထွက်သွားတော့မည့်ခွန်လေး
၏လက်ကိုလှမ်းဆွဲလိုက်ပြီး ကုတင်ပေါ်တွင်ထထိုင်လိုက်သည် ။"မင်းဘာလုပ်မလို့လဲ ၊ အဲ့လိုပဲလွယ်လွယ်နဲ့လက်လျော့မလို့လား"
"အင်း ကျွန်တော်မခံစားနိုင်တော့ဘူး"
ခွန်လေး အောက်နှုတ်ခမ်းကိုကြေမွသွားအောင် သွေးထွက်သည်အထိကိုက်ထားပြီး အသံတွေမတုန်အောင်အားတင်းရင်းဖြေလိုက်
သည် ။"ခွန်လေးဒီအခန်းထဲကနေထွက်သွားတာနဲ့ကိုကို့နာရေးကိုလာဖို့စိတ်
ပြင်ဆင်ထားလိုက်တော့""ကိုကို!"
"ဟုတ်တယ်လေ ၊ ကိုယ်ကမင်းကိုတစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး
ချစ်ခဲ့တာ အခုမင်းကထွက်သွားတော့မယ်လေ ၊ မင်းမှမရှိတာကိုကို
ဒီဘဝမှာဘာဆက်လုပ်ရတော့မှာလဲ""ကိုကိုအဲ့လိုတွေပြောလည်းမထူးတော့ဘူး ၊ ကျွန်တော်စိတ်ဆုံးဖြတ်
ပြီးသွားပြီ"ခွန်းသ သူ့အရှေ့တွင်မတ်တပ်ရပ်နေသည့်ခွန်လေးကိုဆွဲဖက်လိုက်
သည် ။ ခွန်လေးရဲ့ရင်ခွင်ထဲမှာမျက်နှာအပ်ရင်း ......"ကိုကိုတောင်းပန်ပါတယ် ၊ မင်းမကြိုက်တာလုပ်မိလို့လား ၊ ကိုကိုအမှားတစ်ခုခုများလုပ်မိလိုက်လို့လား ၊ မင်းမကြိုက်တဲ့ဆေးလိပ်တွေမသောက်တော့ဘူးလေ ၊ မင်းမကြိုက်တာတွေအကုန်ပြောပြ ကိုယ်အကုန်ရှောင်မယ် ၊ အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျေးဇူးပြု
ပြီးကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ ၊ ကိုယ်မင်းကိုချစ်တယ် ၊ ကိုကိုခွန်လေးကိုအရမ်းချစ်တယ်"သူဖက်ထားသည့်လက်ကိုအတင်းဖယ်ပစ်နေသည် ။ သူအတင်းဖက်ထားပြီးခွန်လေးထွက်မသွားအောင်အတင်းဆွဲဖက်ထားသည် ။
သူ့မျက်ရည်တွေကြောင့်ခွန်လေး၏အင်္ကျီလည်းမျက်ရည်တွေဖြင့်ရွှဲနေတော့သည် ။"ကိုကိုဒူးထောက်ဆိုလည်းထောက်ပါ့မယ် ၊ ကိုယ့်ကိုမထားခဲ့ပါနဲ့ ၊
ကိုယ်မင်းမရှိဘဲမနေနိုင်ဘူး ၊ ကိုယ်ဒီနေရာမှာတော့ယုံကြည်ချက်မရှိဘူး"

YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020