SHADOW 24

11.3K 779 19
                                    

ခွန်းသ၏​မေ​မေ  စန္ဒ့ာကို​ခေါ်​တွေ့သည်  ။  စန္ဒာဒီအမျိုးသမီးကိုသ​ဘောမ​ကျလှ  ။  ဘာလို့ဆိုမိမိနဲ့လည်းတစ်ခါမျှမသိဖူးသည့်အမျိုးသမီးဖြစ်​နေခြင်း​ကြောင့်ပင်  ။

"အန်တီကဘယ်သူလဲရှင့်  ၊  ဘာကိစ္စရှိလို့​တွေ့ချင်ရတာလဲရှင့်"

​ကောင်တာကသူနာပြုမ​လေးကစန္ဒ့ာဆီသို့​အ​ကြောင်းကြားလာခြင်း​ကြောင့်
စန္ဒာ့​ဆေးရုံအပြင်ဘက်က​​ကော်ဖီဆိုင်​လေးသို့​ရောက်လာခဲ့သည်  ။

"အန်တီက​ဒေါက်တာသျှားခွန်းသရဲ့မိခင်ပါ"

​ဒေါက်တာခွန်းသ၏မိခင်ဟုဆိုလိုက်ကတည်းကပင်Sandarသ​ဘော​ပေါက်
လိုက်သည်  ။  Sandarထိုအမျိုးသမီးအ​ရှေ့တွင်ထိုင်လိုက်သည်  ။

"ဟုတ်ကဲ့အန်တီ  ၊  ဘာကိစ္စများရှိလို့ပါလဲရှင့်"

"အန်တီသိချင်တာ​လေးတစ်ခုရှိလို့ပါ  ၊  အန်တီ့ကို​မေးခွင့်ပြုပါကွယ်"

"ဟုတ်ကဲ့အန်တီ ​မေးပါ"

"သမီးနဲ့တံခွန်သစ်နဲ့ကဘယ်လိုပတ်သက်မှုမျိုးရှိသလဲကွယ့်"

Sandar​ဒေါသအရမ်းထွက်သွားသည်  ။  သူမသားနဲ့ခွန်​လေးကိုခွဲပစ်ချင်၍
သူမဘက်သို့မြားဦးလှည့်လာသည့်အတွက်သူမ​စိတ်ထဲတနုံ့နုံ့ဖြစ်လာသည်  ။

"ဒီမှာအန်တီ  အခုအချိန်မှာအန်တီဒီလိုလုပ်​နေရမှာမဟုတ်ပါဘူး  ၊  အန်တီကသားသမီးဘက်ကရပ်တည်​ပေး​နေရမှာပါ  ၊  အန်တီ​သေချာစဥ်းစားကြည့်ပါ  ၊  အခုလိုဖြစ်​နေလို့​ဒေါက်တာခွန်းသတို့ကို​ပြောဆိုရှုံ့ချ​နေတဲ့သူတစ်​ယောက်မှမရှိပါဘူး  ၊  ဒီလိုအ​ပြောအဆို​တွေဖြစ်လာ​အောင်လည်းသူတို့နှစ်
​ယောက် ကန်​တော့ပါရဲ့  ပလူးမ​နေပါဘူးအန်တီ  ၊  လူတိုင်းမှာသူ့အဆင့်အတန်းနဲ့သူရှိပြီးသားပါ  ၊  အန်တီအခုလိုလုပ်ခြင်းကအန်တီ့သားရဲ့ပုံရိပ်ကိုထိခိုက်​စေတာအန်တီသိလား  ၊  အခုလိုလုပ်ရပ်မျိုးကျွန်မအ​ပေါ်မကျူးလွန်မိပါ​စေနဲ့  ၊  ​နောက်တစ်ခါဆိုကျွန်မလည်းသည်းခံ​တော့မှာမဟုတ်ပါဘူး"

Sandar​ဒေါသအရမ်းထွက်ပြီး  ထိုင်ခုံက​နေထလိုက်သည်  ။  ပြီးမှ ......

SHADOWDonde viven las historias. Descúbrelo ahora