SHADOW(Finale)

27.5K 1.2K 32
                                        

အခုရက်အ​တောအတွင်းမာမားက​ချောင်း​တွေအရမ်းဆိုးလာသည် ။ ခွန်​လေး
တစ်ချို့ရက်​တွေဆိုခွင့်ယူပြီးမာမားအနားမှာ​နေ​ပေးသည် ။ ခွန်းသက​တော့
​ဆေးရုံကအပြန်ဆိုအမြဲဝင်လာတတ်သည် ။ ဆရာဝန်တစ်​ယောက်အ​နေနဲ့​တော့​မာမားရဲ့​အ​ခြေအ​နေဘယ်လိုဆိုတာအခု​လောက်ဆိုခန့်မှန်းတတ်ပါသည် ။ ခွန်​လေးအားငယ်တဲ့အချိန်တိုင်း ခွန်းသကအား​ပေးစကား​တွေအမြဲ​ပြော​ပေး
သည် ။ အခုလည်းခွန်းသပြန်အလာကိုကစားကွင်းကဒန်း​လေး​ပေါ်မှာထိုင်​စောင့်​နေသည် ။

"ခွန်​လေး!"

ခွန်းသက​ရောက်တာနဲ့ခွန်​လေးအ​ရှေ့မှာဒူးတစ်​ဖက်​ထောက်ထိုင်ပြီး ခွန်​လေး၏နှုတ်ခမ်းသား​လေး​တွေတစ်ချက်ဖိကပ်နမ်းလိုက်သည် ။ ခွန်​လေးတစ်​နေကုန်စိတ်အားငယ်​နေသမျှ​တွေကင်း​ပျောက်သွားသလိုခံစားရသည် ။

"ထမင်း​ရောစားပြီးပြီလားခွန်​လေး"

"ပြီးပြီ ၊ ကိုကို​ရော ဒီ​နေ့ခွဲရတာ​တွေများတယ်လို့Sandarက​ပြောတယ်"

"ဟုတ်တယ်ခွန်​လေးရဲ့ ၊ ဒီ​နေ့ခွဲလူနာအရမ်းများတယ် ၊ ကိုကိုဒီ​နေ့အရမ်းပင်ပန်းလာတာ"

"အူးမွ ကျွန်​တော်ကကိုကို့ကိုခွန်အား​တွေ​ပေးမှာ​ပေါ့ အူးမွ"

ခွန်းသ၏မျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ပါးနှစ်ဖက်ကိုတရွှတ်ရွှတ်​မြည်​အောင်နမ်းပစ်လိုက်သည် ။ ခွန်းသအရမ်းသ​ဘောကျသွားသည် ။ ခွန်းသသူ့
မျက်နှာကိုကိုင်ထားတဲ့ခွန်​လေး၏လက်က​လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။

"ကိုကိုတို့ဘယ်​တော့မှမခွဲ​ကြေး​နော် ၊ လူတစ်​ယောက်မှာခန္ဓာကိုယ်နဲ့အရိပ်ကိုခွဲမရသလို ကိုကိုနဲ့ခွန်​လေးကိုလည်းဘယ်သူမှခွဲနိုင်မှာမဟုတ်ဘူး"

"ကျွန်​တော်ကလည်းကိုကို့ကိုဘယ်​တော့မှခွဲသွားမှာမဟုတ်ပါဘူးဗျာ့"

"အန်တီ​ရောအ​ခြေအ​နေဘယ်လိုရှိလဲ"

ခွန်​လေးက​ခေါင်းခါပြပြီး​ခေါင်း​လေးငုံ့သွားသည် ။

"မရ​တော့ဘူးကိုကိုရဲ့ ၊ သတိကဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်​နေပြီ ၊ အခုပါပါးအနားမှာရှိ​နေလို့ကျွန်​တော်ထွက်လာလို့ရတာ"

SHADOWWhere stories live. Discover now