SHADOW 22

11.4K 831 9
                                    

"သား​ရေ ခွန်​လေးကိုဆက်သွယ်လို့မရဘူး  ၊  မ​နေ့ညကသားတို့အတူတူပြန်လာကြတယ်မလား  ၊  ခွန်​လေး​ရော  ဘယ်မှာလဲ"

ခွန်​လေးကိုဆက်သွယ်၍မရ၍  ခွန်​လေး၏မိခင်ကစိုးရိမ်တကြီးဖြင့်
ခွန်းသဆီသို့​ရောက်လာပြီးလာ​မေးသည်  ။  ထိုအချိန်တွင်ခွန်းသ၏
​မေ​မေကလည်းရှိ​နေသည်  ။

"​သြော်  ဟိုက​လေးရဲ့အ​မေထင်တယ်  ၊  ဘာလဲ  သား​လေးက​ပျောက်
​နေပြီလား  ၊  သူ့​ယောကျာ်း​လေးသူငယ်ချင်း​တွေဆီဆက်ကြည့်ပါလား  ၊  ကိုယ့်သားအ​ကြောင်းကိုယ်သိရင်​ပေါ့"

ခွန်းသ၏​မေ​မေကရိသဲ့သဲ့​လေသံဖြင့်​ပြောလိုက်သည်  ။  ကြားထဲမှ
ခွန်းသကအရမ်းအားနာလှသည်  ။  ​မေ​မေဒီလိုမျိုး​တွေ​ပြောလိမ့်မယ်လို့ခွန်းသမထင်မိခဲ့  ။  ​မေ​မေဒီလို​ပြောလိုက်သည်ကခွန်​လေးအ​ပေါ်
ဘယ်လိုသက်​ရောက်​နေပြီလဲ  ။

"အန်တီ  သားနဲ့​အေး​ဆေးစကား​ပြောရ​အောင်​နော်  ၊  ​မေ​မေကစိတ်
ရှုပ်စရာ​တွေရှိ​နေလို့ပါ  ၊  အန်တီအပြစ်မမြင်ပါနဲ့​နော်"

ခွန်းသသည်  ​မေ​မေ့ကိုတစ်ချက်ပင်လှည့်မကြည့်ဘဲ  ခွန်​လေး၏မိ
ခင်ဖြစ်သူနှင့်အတူတိုက်ခန်းမှထွက်သွားခဲ့သည်  ။  ခွန်​လေးကသူနှင့်
အတူပြန်လာပြီးအိမ်မှာကျန်ခဲ့သည်  ။  အခုကဆက်သွယ်လို့မရဘူး
ဆို​တော့  ဘယ်လိုဖြစ်ရတာလဲ  ။  ဒီ​နေ့ခွန်​လေး၏ဂျူတီမရှိ​တော့
ခွန်​လေးအလုပ်သို့မလာပါ  ။  ဒါ့​ကြောင့်သူလည်းခွန်​လေးကိုသတိမ
ထားမိခဲ့ပါ  ။

"အန်တီ  ဘယ်လိုဖြစ်ရတာလဲ  ၊  သားနဲ့မ​နေ့ကအတူတူပြန်လာတယ်  ၊  အန်တီ့ရဲ့အိမ်မှာခွန်​လေးကျန်ခဲ့တယ်  ၊  ဒီ​နေ့မနက်ကခွန်​လေးဂျူတီမဟုတ်လို့​ဆေးရုံမလာတာ  ၊  အိမ်ကိုပြန်မလာဘူးလား"

"အင်း  သားဖုန်းကိုဆက်လို့မရဘူး  ၊  စက်ပိတ်ထားတယ်ပဲ​ပြော​နေ
တယ်  ၊  အိမ်ကိုလည်းအန်တီတို့သွားကြည့်ပြီးပြီ  မ​တွေ့ဘူး  ၊  သား
​လေးတစ်ခုခုများဖြစ်​နေတာလားမသိဘူး  ၊  ကူညီပါဦးခွန်းသရယ်"

"အန်တီ  စိတ်ကို​အေး​အေးထားပါ  ၊  ကျွန်​တော်ရှာကြည့်ပါ့မယ်  ၊  စိတ်ကို​အေး​အေးထား​နော်အန်တီ"

SHADOWWhere stories live. Discover now