'ကိုယ်လည်းအခုမှရောက်ဖူးတာ'
'ကိုယ်တို့တူတာတွေများတယ်နော် ၊ နောက်ထပ်တူတာတွေဘာတွေများထပ်ရှိနိုင်သေးလဲမသိဘူး'
ထိုစကားလုံးလေးတွေကိုကြားယောင်ရင်းကောင်လေးနိုးထလာသည် ။ နဖူးပေါ်လက်တင်ရင်းပြုံးသည် ။ မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီးပြုံးသည် ။ ဘေးနားကခေါင်းအုံးကိုလှမ်းယူပြီးဖြစ်ညှစ်ကာရယ်နေသည် ။ အိပ်ရာပေါ်မှာလူးလိမ့်နေသည် ။ ကောင်ကလေးကအရမ်းသဘောကျနေသည် ။ သူဒီအသက်ဒီအရွယ်ရောက်မှတိရိစ္ဆာန်ဥယျာဥ်ကိုပထမဦးဆုံးရောက်ဖူးတာပါလို့ပြောလိုက်ရတဲ့အချိန်သူအရမ်းရှက်သည် ။ ဒါပေမဲ့တစ်ဖက်ကကောင်လေးကလည်းသူနဲ့အတူတူပဲဆိုတော့ စိတ်သက်သာရာရပြန်သည် ။ ကောင်ကလေးဖုန်းကိုယူကြည့်လိုက်သည် ။ နံနက်၆နာရီတိတိဖြစ်နေသည် ။
သူ့အပေါ်မှာလွှမ်းခြုံထားတဲ့စောင်ကြီးကိုသူဖယ်ပစ်လိုက်သည် ။
သူ့ဆံပင်တွေကိုထိုးဖွရင်းရေချိုးခန်းထဲသို့ဝင်သွားသည် ။"သားငယ်ရေ ပါပါးရုံးသွားပြီနော် ၊ ရေကိုအကြာကြီးစိမ်မနေနဲ့ ၊ ရာသီဥတုကအရမ်းအေးတယ်"
"ဟုတ်ပါပါး"
ရေထဲမှာစိမ်နေရင်း ကောင်လေးသူ့ရဲ့မေမေအကြောင်းကိုတွေးမိသည် ။ သူ့ကိုမနှစ်သက်လို့သူမကြာခဏသွားချင်သော်လည်းသူ
မသွားခဲ့ .... ။ မာမားနေမှကောင်းရဲ့လားဆိုတာသူစိုးရိမ်မိပြန်သည် ။ ဟိုတစ်ခေါက်ရောက်တုန်းကတော့မာမားကျန်းမာပါတယ် ။ သူအစိုးရိမ်လွန်နေလို့ဖြစ်မှာပါလေ ..... ။ ကောင်ကလေးယူနီဖောင်းအပြာနုရောင်ဝမ်းဆက်ကလေးကိုဝတ်ဆင်ပြီးအခန်းထဲမှထွက်လာသည် ။ မနက်စာမုန့်တွေကိုပါးစပ်ထဲအမြန်ထိုးသွပ်ပြီးကော်ဖီတစ်ငုံသောက်ကာ အပြေးထွက်သွားတော့သည် ။ ကြီးကြီးတို့တောင်သူ့ကိုလှမ်းအော်လိုက်ချိန်မရ ..... ။ သိပ်မကြာဘူး ကောင်လေးပြန်ဝင်လာတယ် ။"ကြီးကြီး မုန့်ကလေးတွေကိုဘူးလေးနဲ့ထည့်သွားလို့ရမလားဟင်"

ESTÁS LEYENDO
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020