SHADOW 10

16.2K 1.2K 28
                                    

မနက်ပိုင်းကားမ​တော်တဆမှု​တွေနဲ့​ရောက်လာသည့်လူနာများကိုခွဲစိတ်​ပေးရသည်နှင့်လူကပင်ပန်း​နေသည် ။ ခွဲစိတ်ခန်း​ရှေ့မှာထိုင်ဖို့လုပ်သည့်အခါ က​လေး​လေးတစ်​ယောက်ကခွဲခန်း​ရှေ့တွင်ထိုင်ငို​နေသည်ကို​တွေ့လိုက်ရသည် ။ လူကြီးသူမများလည်းတစ်​ယောက်မှမပါ ။ ထိုက​လေး​လေးတစ်​ယောက်တည်းသာ ။

"သားငယ်​လေး တစ်​ယောက်တည်းဘာထိုင်လုပ်​နေတာလဲ"

"ဦးဦးကဆရာဝန်လားဟင်"

"အင်း ခွဲစိတ်​ပေးတဲ့ဆရာဝန်ပါဗျာ"

"သား​ဖေ​ဖေကိုကယ်တင်​ပေးမှာလားဟင် ၊ သား​​ဖေ​ဖေကိုကယ်​ပေးပါ​နော် ၊ သား​​ဖေ​ဖေကိုကယ်​ပေး​နော်"

"သား​ဖေ​ဖေကဘယ်မှာမို့လို့လဲ ၊ ခွဲခန်းထဲမှာလား"

"အင်း ဟုတ်တယ် ၊ သားမှာ​​ဖေ​ဖေတစ်​ယောက်တည်းရှိတာ"

ဒီစကားကိုကြားလိုက်ရသည့်ခွန်​လေး၏ရင်ထဲတွင် အရမ်းဝမ်းနည်းသွားရသည် ။ က​လေး​လေးတစ်​ယောက်တည်းအ​ဖေဖြစ်သူကို​စောင့်​နေရတာဘယ်​လောက်​တောင်ပင်ပန်းလိုက်မလဲ ။ က​လေး​လေးကို သူ့​ပေါင်​ပေါ်တင်လိုက်သည် ။

"ခဏ​လောက်အိပ်လိုက်​နော် ၊ ​ဖေ​ဖေပြီးသွားရင်သားကိုဦးဦးနှိုးမယ်"

"ဟုတ်"

က​လေး​လေးကသူ့ရင်ခွင်ကိုမှီကာအိပ်​ပျော်သွားသည် ။ သူလည်းနံရံကိုမှီရင်းအိပ်​ပျော်သွားသည် ။ သူနိုးလာသည့်အခါ သူနား​နေခန်းထဲကို​ရောက်​နေသည် ။ သူကုတင်​ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေသည် ။ ​ဘေးကိုသူကြည့်လိုက်သည် ။ သူ့ကိုပြုံးပြီးကြည့်​နေသည့်လင်းတာရာ​ကြောင့်သူလန့်ပြီးထထိုင်လိုက်မိသည် ။

"ဆရာကဒီကိုဘယ်လို ....."

"မင်းကတကယ်ကိုအိပ်​ပျော်​နေတာပဲ ၊ မင်းအိပ်​ပျော်​နေတာ​လေးကချစ်စရာ​လေး"

"ဟို ဟို ......ကျွန်​တော်လုပ်စရာ​လေးရှိ​သေးလို့ ခွင့်ပြုပါဦး​နော်"

လင်းတာရာ၏အ​ရှေ့မှမြန်မြန်​ထွက်လာလိုက်သည် ။ အခန်းအပြင်ဘက်ကို​ရောက်သည့်အခါ ​ထောင့်တစ်​ထောင့်မှခွန်းသချိုး​ကွေ့သွားသည်ကိုသူမြင်လိုက်သလိုရှိလိုက်သည် ။

SHADOWDove le storie prendono vita. Scoprilo ora