ဆေးရုံကြီး၏အရေးပေါ်ဌာနတွင်ဖြစ်သည် ။ ကားအက်စီးဒန့်ဖြင့်ရောက်လာသောလူနာကအရမ်းကိုသွေးထွက်လွန်နေသည် ။ လက်ထောက်ဆရာဝန်လေးကသွေးထွက်လွန်တာကိုဆရာဝန်ရောက်မလာခင်ထိန်းနေရသည် ။ သွေးပေါင်ချိန်တွေအရမ်းကိုထိုးကျနေသည် ။ ဆရာဝန်လေးဘာဆက်လုပ်ရမှန်းမသိပူထူလာသည် ။
"ဖယ်စမ်း လူနာကိုဘယ်လိုလုပ်နေတာလဲ"
ထိုဆရာဝန်လေးကိုဘေးကိုတွန်းထုတ်လိုက်ပြီး သူကနေရာဝင်ယူသည် ။ နေရာဝင်ယူသည့်လူကိုကြည့်လိုက်တော့ သူတစ်ခါမှမမြင်ဖူး ။ ဆရာဝန်လို့ပြောရအောင်လည်းအပြင်အဝတ်အစားနဲ့မို့လို့သူလန့်သွားသည် ။
"ဟေ့ ဟေ့ ! ခင်ဗျားအဲ့တာဘာလုပ်တာလဲ ၊ အပြင်လူတွေဝင်ခွင့်မရှိဘူးလေ ၊ ဆရာမ ဆရာမ ဒီလူ့ကိုအပြင်ဆွဲထုတ်သွား"
ထိုလူကရုန်းသည် ။ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည် ။
"ငါကဆရာဝန်တစ်ယောက် ၊ မင်းလိုတော့တုန်လှုပ်မနေဘူး"
"ဟေ့ ခင်ဗျားအဲ့လိုလုပ်လို့မရဘူး ၊ ဘေးဖယ်"
သူတို့နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်လူနာကသွေးထွက်လွန်ပြီး အခြေအနေဆိုးလာသည် ။
"ငါ့ကိုယုံ ၊ အခုအချိန်မှာအရေးပေါ်လူနာတွေအများကြီးနဲ့ဆရာဝန်အင်အားဘယ်လိုမှမနိုင်ဘူး ၊ ဒီလူနာကိုကယ်ပြီးမှမင်းငါ့ကိုအရေးယူချင်လည်းယူ ၊ အခု မင်းငါ့ကိုကူညီပေး"
လူနာရဲ့ဒဏ်ရာကိုအဝတ်စတွေနဲ့ပိတ် ၊ ဘေးလိုက်ကာတွေဆွဲပိတ်လိုက်သည် ။
"ခွဲဖို့လိုအပ်တဲ့ပစ္စည်းတွေသွားယူလာခဲ့"
"ဗျာ ! ၊ ဒီမှာ ? မဖြစ်ဘူး လုံးဝမဖြစ်ဘူး"
"လူနာအသက်ကအရင်လား နေရာကအရင်လား"
"ဗျာ !"
"ကြောင်တောင်တောင်လုပ်မနေနဲ့ ၊ ငါပြောတဲ့အတိုင်းလုပ်"
ဆေးစတိုခန်းထဲကခွဲဖို့လိုတဲ့ပစ္စည်းတွေအပြေးသွားယူလာသည် ။ ထိုလူကဘယ်သူမှန်းသူမသိပေမဲ့ ခွဲစိတ်ရာမှာအရမ်းကျွမ်းကျင်လှသည် ။ ပေါက်သွားသည့်သွေးကြောကိုရှာနိုင်သည်မှာလည်းမြန်ဆန်လှသည် ။ ထိုလူလုပ်နေသည်များကိုမျက်တောင်မခတ်မှင်သက်စွာကြည့်နေမိသည် ။ လူနာသွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်လာသည် ။ နှလုံးခုန်နှုန်းမှန်လာသည် ။ ဒီလူကဘယ်သူလဲ ။ လိုက်ကာစတွေကိုဖယ်ပစ်လိုက်တော့ အပြင်မှာရဲတွေကအဆင်သင့်စောင့်နေလေသည် ။ ခုဏကလက်ထောက်ဆရာဝန်လေးက ပစ္စည်းတွေသွားယူရင်း ဆရာမလေးတစ်ယောက်ကိုရဲစခန်းကိုဖုန်းဆက်ထားခိုင်းခဲ့ခြင်းဖြစ်သည် ။

YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020