မှန်ပြတင်းပေါက်ကလေးတွေကိုတံခွန်သစ်လိုက်ဖွင့်လိုက်သည် ။ ပြတင်းပေါက်မဖွင့်ဘဲထားတော့အခန်းထဲမှာနေရတာမွန်းကြပ်လာသည် ။ ဆေးသွင်းထားရင်းနဲ့အိပ်ပျော်နေသည့်မိမိရဲ့အထက်လူကြီး
ခွန်းသကိုလာစောင့်ပေးနေရသည် ။ မိမိကြောင့်ဖြစ်ရသည်လို့သူမှတ်ယူထားသည် ။ ဆေးရုံတစ်ခုလုံးကသူနာပြုတွေ ၊ ဆရာဝန်တွေကသူ့ကိုသာအပြစ်တင်နေကြသည် ။ ဒါကိုလျစ်လျူရှုပြီး ခွန်းသကိုလာစောင့်ပေးနေသည် ။ သူခုံတစ်ခုံဆွဲယူပြီး ခွန်းသဘေးတွက်ထိုင်လိုက်သည် ။ ကုတင်ဘေးနားလေးပေါ်မေးထောက်ရင်းခွန်းသကိုသေချာစိုက်ကြည့်သည် ။ သူအရမ်းရင်းနှီးနေသလိုခံစားရသည် ။ ကြည့်နေရင်းနဲ့အိတ်ကပ်ထဲထည့်လာတဲ့မိုင်လိုလေးတစ်ဘူးကိုဖောက်သောက်လိုက်သည် ။"ကျွန်တော့်ကိုဖုန်းဆက်ခေါ်လိုက်လည်းရနေတာပဲကို ၊ ကျွန်တော့်ကိုတမင်ပညာပေးနေတာလား ၊ တကယ့်ကိုလူ့ဂွစာကြီးပဲ"
မိုင်လိုကိုတစ်ငုံသောက်လိုက်ပြန်သည် ။
"အခုအကုန်လုံးကကျွန်တော့်ကိုအပြစ်မြင်နေကြပြီ ၊ နောက်ဆိုကိုယ့်အထက်လူကြီးရဲ့စကားကိုနားတောင်မထောင်ရဲတော့ဘူး"
မိုင်လိုဘူးကိုကိုင်ပြီးသောက်လိုက်ပြန်သည် ။
"ဟူး ဆေးရုံအုပ်သိသွားရင်ကျွန်တော်တော့သေပြီ"
"မသေပါဘူး ၊ ကိုယ်ပြောပြပေးပါ့မယ်"
သောက်နေတဲ့မိုင်လိုတွေအကုန်သီးကုန်သည် ။ တော်ပါသေးရဲ့မကောင်းကြောင်းတွေမပြောလိုက်မိလို့ ။ ခွန်းသဘယ်အချိန်ကတည်းကနိုးနေမှန်းခွန်လေးမသိ ။
"အဟွတ် အဟွတ်"
"အိပ်နေတဲ့လူအနားလာပြီးပွစိပွစိနဲ့ပြောရတာအရမ်းသဘောကျတာလား"
"အဲ့လိုမဟုတ်ပါဘူး ၊ ကျွန်တော်ကအိပ်ပျော်နေတယ်ထင်လို့ပါ ၊ တောင်းပန်ပါတယ်"
"ထားလိုက်ပါတော့"
ခွန်းသကလက်မှာသွင်းထားတဲ့ဆေးထိုးအပ်ကိုဆွဲဖြုတ်ပစ်လိုက်ပြီးကုတင်ပေါ်ကနေဆင်းလိုက်သည် ။
![](https://img.wattpad.com/cover/202685900-288-k765867.jpg)
VOUS LISEZ
SHADOW
Roman d'amourYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020