SHADOW 15

14.3K 1K 10
                                    

၁၀ထပ်​မြောက်ကွန်ဒိုတိုက်ခန်းတစ်ခုတွင်​ကောင်​လေးနှစ်​ယောက်မျက်နှာချင်းဆိုင်ထိုင်​နေသည်  ။  ခွဲစိတ်ဆရာဝန်ကြီးကသူ့ရဲ့လက်​ထောက်ခွဲစိတ်ဆရာဝန်​လေးကိုပဲတစိမ့်စိမ့်ထိုင်ကြည့်​နေသည်  ။
ခွဲစိတ်ဆရာဝန်​လေးအ​နေရခက်​နေပုံ​ပေါ်သည်  ။  သူသက်ပြင်းတစ်ချက်ချလိုက်ပြီး  သူ့ရဲ့လက်​ထောက်​လေး​ဘေးနားကို​ပြောင်းထိုင်လိုက်
သည်  ။

"ခွန်​လေး  စိတ်အရမ်းရှုတ်သွားလား  ၊  ကိုကို​တောင်းပန်ပါတယ်  ၊  ကိုကို့သူငယ်ချင်းကစ​နေတာ  ၊  အလကားသူ​လျှောက်​ပြော​နေတာ  ၊
သူ့ဆိုင်မှာ​သောက်ပြီးမူးပြီး​လျှောက်​ပြော​နေတာ  ၊  စိတ်ထဲမထားနဲ့​နော်"

"စ​နေတာလား  ၊  ဒါဆိုကိုကိုကကျွန်​တော့်ကိုမချစ်ဘူး​ပေါ့  ဟုတ်လား
၊  အဲ့လိုလား"

သူဘာ​ပြောရမှန်းမသိ  ။  ခွန်​လေးကအရမ်းစိတ်ဆိုး​နေပြီလားဆိုတဲ့အ​တွေးကသူ့​ခေါင်းထဲမှာလွှမ်းမိုး​နေသည်  ။  ခွန်​​လေးသူ့ကိုမုန်းသွားပြီလား  ။

"အင်း​လေ  ကျွန်​တော်ကပဲ​မျှော်လင့်မိ​နေတာပဲဖြစ်မှာပါ  ၊  ကိုကို့လိုလူမျိုးကသားအ​ပေါ်မှာဘယ်လိုလုပ်ပြီးချစ်နိုင်မှာလဲ  ၊  သားလို​ယောကျာ်း​လေးတစ်​ယောက်အ​ပေါ်မှာဒီလိုမျိုးဘယ်လိုဖြစ်နိုင်မှာလဲ  ၊
ကျွန်​တော်ကပဲစိတ်ကူးယဥ်​နေခဲ့တာ​ပေါ့"

မျက်ဝန်း​လေး​တွေထဲမှာအရည်​လေး​တွေ​ဝေ့တက်လာပြီးမျက်လုံး​လေး​တွေကနီရဲလို့​နေသည်  ။  ပုလဲလုံး​လေး​တွေကမျက်ခမ်းဝမှာ
ကျဆင်းဖို့​စောင့်ဆိုင်း​နေသည်  ။

"ခွန်​လေး  အဲ့လိုမဟုတ်ပါဘူး  ၊  ကိုကိုက​လေ  ....."

"ကျွန်​တော့်ကို​လေ  ဆရာလင်းတာရာကဖွင့်​ပြောတယ်  ၊  သူနဲ့တွဲရ​အောင်တဲ့  ၊  ကျွန်​တော်ကငြင်းခဲ့တယ်  ၊  ဘာလို့လဲဆို​တော့  ကျွန်​တော့်နှလုံးသားထဲမှာကိုကိုရှိ​နေလို့  ၊  ကိုကို့ကို​ကြောက်လည်း​ကြောက်​ပေမဲ့ချစ်လည်းချစ်တယ်  ၊  ကိုကိုကျွန်​တော့်ကိုစကားမ​ပြောရင်ကျွန်​တော်အမြဲ​ကြောက်​နေရတာ  ၊  ဘာဖြစ်လို့လဲ  ငါဘာအမှားလုပ်မိလို့လဲ  ၊  ကိုကိုကမုန်း​နေပြီလား  ၊  အရမ်းကိုတွယ်ကပ်​နေလွန်းလို့စိတ်ညစ်​နေပြီလား  ၊  ကိုကို့မှာသ​ဘောကျ​နေတဲ့လူများရှိ​နေရင်  ငါ့​ကြောင့်အ​နှောက်အယှက်​တွေဖြစ်သွားပြီလား  ၊  ကိုကိုမချစ်လည်းရပါတယ်  ၊  ဒါ​ပေမဲ့  ကျွန်​​တော်ကိုကို့ချစ်တယ်  ၊  ကျွန်​တော်အခက်အခဲကြုံလာတိုင်း​ရောက်လာတတ်တဲ့ကိုကို  ၊  ကျွန်​တော့်ကိုအမြဲအား​ပေးတဲ့ကိုကို  ၊  ကိုကို့ကိုချစ်တယ်  ၊  ကျွန်​တော်  ......အု ....."

SHADOWDonde viven las historias. Descúbrelo ahora