နားထဲကိုဆူဆူညံညံအသံတစ်ချို့ဝင်ရောက်လာသည် ။ ဒီဆူညံသံကမနက်တိုင်းကြားနေကျဖြစ်သည် ။ ဘေးနားကဖုန်းကိုစမ်းလိုက်သည် ။ အသံသာကြားနေရသော်လည်း ဖုန်းကိုစမ်းလို့မရ ။ သူအားတင်းကာမျက်လုံးဖွင့်လိုက်သည် ။ အခန်းတစ်ခုလုံးကလင်းထိန်နေပြီဖြစ်သည် ။ မနက်မိုးလင်းတာကလည်းစောလိုက်တာ ။
သူ့ဖုန်းရဲ့တုန်ခါမှုကပေါင်နားတွင်ရောက်နေသည် ။ သူ့ဖုန်းကဘောင်းဘီအိတ်ထဲမှာပဲရှိနေတုန်းလား ။ သူ့ကိုယ်သူပြန်ကြည့်လိုက်သည် ။ ဟာ သူအဝတ်အစားတွေမလဲရသေးပါလား ။ သူမနေ့ညကအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ ။ သူဘာမှမမှတ်မိဘူး ။ သူတစ်ခွက်ပြီးတစ်ခွက်ထိုင်သောက်နေတာအထိပဲမှတ်မိတယ် ။"ပါပါး !!!!"
သူ့ပါပါးကိုအော်ခေါ်ရင်း သူအခန်းထဲကနေပြေးထွက်လာသည် ။ ဆံပင်တွေကလည်းထိုးထိုးထောင်ထောင် ၊ လူကအိပ်မှုန်စုန်ဖွားရုပ်ကလေးနဲ့အော်ပြီးထွက်လာသည် ။
"အရက်သမားလေး နိုးပြီလား"
ပါပါးကအခန်းထဲကနေလှမ်းအော်မေးသည် ။ ပါပါးရဲ့အသံကိုကြားလိုက်တော့ အခန်းထဲကိုပြေးဝင်လာသည် ။
"ပါပါး သားညတုန်းကအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ"
"လူမှန်းသူမှန်းမသိဖြစ်နေအောင်သောက်ရလားခွေးကောင်လေး ၊ မင်းကိုလူကုန်ကူးသွားရင်တောင်ရလောက်တယ် ခွေးကောင်လေးရဲ့"
"ပါပါး သားကစိတ်ညစ်လို့သောက်တာပါ"
"သြော် ပျော်တော့ရော သောက်တာပဲမလား ၊ စိတ်ခံစားချက်တစ်ခုဖြစ်တိုင်းသောက်တတ်တာလေးပါထည့်ပြောလေ"
"ပါပါးကလည်းသားကယောကျ်ားလေးပဲကို"
"တစ်ခွန်းမခံပြန်ပြောနေ ငါရိုက်တော့မယ်နော်"
"တော်ပြီ သားအလုပ်သွားရတော့မယ် ၊ နောက်ကျနေရင်အဆူခံရ
လိမ့်မယ်""ဘယ်လိုကောင်လေးပါလိမ့်နော်"
လက်ကားယားခြေကားယားလေးနဲ့အမြန်ပြန်ပြေးထွက်သွားပြန်သည် ။ ရေချိုး uniformလေးလဲပြီး လွယ်အိတ်ကလေးလွယ်ကာထွက်လာသည် ။

ČTEŠ
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020